no-style

အခုနောက်ပိုင်း Relationship တွေက ဘာလို့ Situationship ဘက်တွေပဲအားသာလာကြတာလဲ


 

အချိန်ကြာလာတာနဲ့အမျှ ဘယ်လိုမှ တိုးတက်မှုမရှိဘဲ ပေါ့ပေါ့ပါးပါး relationship တစ်ခုမှာ သင်ဆက်ရှိနေမယ်ဆိုရင် သင်ကိုယ်တိုင် ပျောက်ဆုံးသွားနိုင်ပါတယ်။ ပထမတော့ ဒါအဆင်ပြေပါတယ်လို့ ကိုယ့်ဘာသာ တွေးကောင်းတွေးနိုင်ပေမယ့် နောက်ပိုင်းမှာ သင့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေနဲ့ ဖြစ်ချင်တာတွေကို ထုတ်မပြောတော့ဘူးဆိုရင် ဒါဟာ သင့်အတွက် ဘာမှမပြည့်စုံတဲ့၊ အကျိုးမရှိတဲ့၊ သင့်လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒီလိုအခြေအနေမျိုးမှာ သင်ဟာ သင့်ရဲ့ခံစားချက်တွေကို ပထမဆုံးကတည်းက ထုတ်မပြောဘဲ နေခဲ့တဲ့ ပုံစံတစ်ခုကို ကိုယ့်ဘာသာကိုယ် မြဲမြဲစွဲသွားပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုဖို့ အရေးကြီးပါတယ်။

Previous Post Next Post