လမ်းခွဲပြီးနောက် စိတ်ဒဏ်ရာကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းကတော့ တာဝန်ယူမှု အပြည့်အဝရှိခြင်း ပါပဲ။ လူတွေ မှားယွင်းသွားတဲ့နေရာက ချစ်သူဟောင်းက စိတ်အနှောင့်အယှက်ပေးတဲ့သူ (narcissist) ဖြစ်ကြောင်း ဒါမှမဟုတ် ကိုယ်က victim ဖြစ်ကြောင်း Google မှာ ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် victim အဖြစ် အလွန်အကျွံ သတ်မှတ်လိုက်တာပါပဲ။
ကိုယ့်ကိုယ်ကိုယ် victim အဖြစ် မသတ်မှတ်ပါနှင့်
ကိုယ့်ကိုယ်ကိုယ် victim အဖြစ် အလွန်အကျွံ သတ်မှတ်လိုက်တဲ့အခါ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အသုံးချခံရသူ၊ အနိုင်ကျင့်ခံရသူအဖြစ်ပဲ ဆက်မြင်နေမိပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုတံဆိပ်တပ်လိုက်တဲ့အခါ တကယ်တမ်း ကုစားနိုင်မှာ မဟုတ်ပါဘူး။
ကိုယ့်အမှားအဖြစ် ခံယူပါ
ပိုကောင်းတဲ့ လုပ်ဆောင်နည်းကတော့ "ဒါဟာ လုံးဝ ငါ့အမှားပဲ" လို့ တွေးတာပါ။ တကယ်မဖြစ်ရင်တောင်ပေါ့။ တခါတလေ ကျွန်တော်တို့မှာ ဆိုးရွားတဲ့လက်တွဲဖော်တွေ ရှိတတ်တာ မှန်ပေမဲ့၊ ဒါဟာ ငါ့အမှားလို့ ပြောင်းလဲတွေးလိုက်ပါ။ ဘာလို့လဲဆိုတော့ "ငါဟာ လက်မခံနိုင်တဲ့ အပြုအမူတွေကို လက်ခံခဲ့မိတယ်၊ ဒါမှမဟုတ် အနီရောင်အချက်ပြမီးတွေကို လျစ်လျူရှုခဲ့မိတယ်၊ ဒါမှမဟုတ် ဒီလူရဲ့ စရိုက်လက္ခဏာကို ငါ မကိုင်တွယ်နိုင်ဘူးဆိုတာ သိရဲ့သားနဲ့ ရှေ့ဆက်သွားခဲ့မိတယ်" လို့ တွေးပါ။ ဒါကြောင့် အဲဒါကို လုံးဝသင့်အမှားအဖြစ် သတ်မှတ်ပြီး "ဒါကို အနာဂတ်မှာ ဘယ်လိုကာကွယ်မလဲ" လို့ တွေးပါ။
ယုံကြည်မှု တည်ဆောက်ပါ
ယုံကြည်မှုကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ခြင်းအားဖြင့် ပြန်လည်တည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါ။ ဒီနည်းလမ်းနဲ့ဆိုရင် ချိန်းတွေ့တဲ့အခါမှာ ပိုမိုယုံကြည်မှုရှိလာပါလိမ့်မယ်။
0 Comments