ပညာရှင်အများစုနဲ့ လေ့လာသူတွေရဲ့ အမြင်အရ အမျိုးသားတွေအတွက် Porn ဟာ ဘာကြောင့် ဒီလောက်ဆိုးရွားသလဲဆိုတော့၊ သူတို့ဟာ လက်တွေ့ဘဝမှာ အမျိုးသမီးတွေရဲ့ လှည့်ဖြားမှုကို ခံရနိုင်ခြေ အရမ်းများသွားလို့ပါပဲ။ ဘာကြောင့်လဲဆိုတော့၊ အမျိုးသားတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ရရှိတာနဲ့တစ်ပြိုင်နက်၊ အမျိုးသမီးတွေဟာ သူ့ရဲ့လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ရှိနေတယ်လို့ သူက တွေးထင်သွားတတ်ပါတယ်။
ဒီလိုတွေးလိုက်တဲ့အခါ၊ သူ့ရဲ့လိင်ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံတာနဲ့ သူဟာ အဲ့ဒီအမျိုးသမီးရဲ့ ကျွန်တစ်ယောက်လို ဖြစ်သွားပါတော့တယ်။ အဲ့ဒီအမျိုးသမီးက ဘာပြောပြော၊ ဘာလုပ်လုပ်၊ ဘာတောင်းတောင်း သူက လက်ခံနေပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတောင့်တနေတဲ့ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို သူမက ပေးနိုင်လို့ပါပဲ။
ဒီအချိန်မှာ သူဟာ အဲ့ဒီအမျိုးသမီးက သူ့အပေါ်ကောင်းသလား၊ သူ့မိသားစုအပေါ် ကောင်းသလား၊ လေးစားမှုရှိရဲ့လား၊ ဆက်ဆံရေးဆိုးဝါးသလားဆိုတာတွေကို စဉ်းစားတော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့ အချစ်ရေးအိမ်ထောင်ဖက် ရွေးချယ်မှုဟာ အရမ်းကို ကျဉ်းမြောင်း၊ မရေရာပြီး ပျက်စီးလွယ်သွားပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက သူ့ကို လေးစားတော့မှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေက သိနေတာက သူ့ကို လိင်ပိုင်းဆိုင်ရာ ကျေနပ်အောင် လုပ်ပေးလိုက်တာနဲ့ သူတို့လိုချင်တာ မှန်သမျှကို လုပ်ပေးလိမ့်မယ်ဆိုတာပါပဲ။