လူတွေပြောတာ မကြာခဏ ကြားရတတ်တဲ့ စကားတစ်ခွန်းက "သူက ကျွန်တော့်ကို တကယ်သဘောကျခဲ့တာပါ၊ အစပိုင်းမှာဆို တော်တော်လေး ဂရုစိုက်ပေးခဲ့တာ" ဆိုတာမျိုးပါ။ ဒီနေရာမှာ ကျွန်တော်တို့ မှားနေတဲ့အချက်က တစ်စုံတစ်ယောက်က ကိုယ့်ကို "သဘောကျတယ်" ဆိုတာကို အဓိပ္ပာယ်တစ်ခုတည်းနဲ့ မြင်နေတာပါပဲ။
ချစ်တယ် ဆိုတာ ဘာကိုဆိုလိုတာလဲ။
တစ်စုံတစ်ယောက်က ကိုယ့်ကို "သဘောကျတယ်" ဆိုတာ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
- သူတို့ဟာ ကိုယ်နဲ့အတူ လိင်ဆက်ဆံရတာကို သဘောကျတာ ဖြစ်နိုင်ပါတယ်။
- သူတို့ဟာ အထီးကျန်တာမျိုး မခံစားရတာကို သဘောကျတာ ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့အတူရှိနေတဲ့အခါ ခံစားရတဲ့ ပေါင်းသင်းဆက်ဆံမှုမျိုးကို နှစ်သက်တာ ဖြစ်နိုင်ပါတယ်။
- သူတို့က ကိုယ်ဟာ တကယ်ကို ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်တယ်လို့ သဘောကျတာ ဖြစ်နိုင်ပေမဲ့၊ ကိုယ့်အပေါ် ရိုမန်တစ်ဆန်တဲ့ခံစားချက်မျိုး မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့အတူရှိနေရတာကို နှစ်သက်တာ၊ ဘာလို့လဲဆိုတော့ ကိုယ့်မှာ ကောင်းမွန်တဲ့ ကိုယ်ပိုင်တန်ဖိုးတွေရှိပြီး ကိုယ်နဲ့အတူရှိရင် လုံခြုံတယ်လို့ ခံစားရလို့ ဖြစ်နိုင်ပါတယ်။
- သူတို့ဟာ လက်ရှိအချိန်မှာ ပျော်ရွှင်နေတာမျိုး ဖြစ်နိုင်ပြီး၊ ဒီလိုပျော်ရွှင်မှုမျိုးကို တခြားသူ ၅ ယောက်နဲ့အတူ ရှိနေချိန်မှာလည်း ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
အချစ်မှာ ဂရုစိုက်မှုက နဲ့ ရည်ရွယ်ချက် ကမတူပါဘူး
ဒါဆို "သူက ကျွန်တော့်ကို သဘောကျတယ်" ဆိုတာ တကယ်တော့ သူ့ချည်းသက်သက်ဆို ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ကိုယ့်ကို သဘောကျတယ်ဆိုတာက သူတို့ရဲ့ အာရုံစိုက်မှု (Attention) အချို့ကို ရစေတာပဲ ရှိပါတယ်။ ဒါပေမဲ့ အာရုံစိုက်မှုဆိုတာ ရည်ရွယ်ချက် (Intention) တော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ဆက်ဆံရေးတစ်ခု ထူထောင်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး။ ကိုယ်နဲ့အတူ တစ်ခုခု တည်ဆောက်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ အမြဲတမ်း ရှိနေမယ့်သူတစ်ယောက် ဖြစ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး။ ပြီးတော့ ရည်ရွယ်ချက်ရှိရုံနဲ့လည်း တကယ့် ရင်းနှီးမြှုပ်နှံမှု (Real Investment) တော့ မဟုတ်သေးပါဘူး။
0 Comments