no-style

Relationship တစ်ခုတွင် စိတ်ပိုင်းဆိုင်တာ နှိပ်စက်သူ ( Gaslighter ) တစ်ယောက်ရဲ့ လက္ခဏာများ




သင်ဟာ တစ်ချိန်တုန်းက သင့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ ယုံကြည်ချက်တွေအပေါ် အတော်လေး ယုံကြည်မှုရှိခဲ့ပေမဲ့ (confident) အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ လက်တွဲဖော်က သင့်ကို အမြဲတစေ ခြယ်လှယ်ပြီး (manipulated)၊ သင့်ရဲ့တန်ဖိုးတွေကို ပယ်ဖျက်ခဲ့တယ်ဆိုရင် (invalidated)၊ သင်ဟာ ကိုယ့်ရဲ့ ရွေးချယ်မှုတွေကို သံသယဝင်လာပြီး ကိုယ့်ရဲ့ အမြင်တွေဟာ တကယ်ပဲ မှန်ကန်ရဲ့လား၊ တကယ်ပဲ တိကျရဲ့လားလို့ စဉ်းစားမိလာပါလိမ့်မယ်။


"Gaslighter" (ကိုယ့်ကိုယ့်ကိုယ် သံသယဝင်အောင် လှည့်စားတတ်သူ) တွေဟာ သင့်ကိုယ်သင် သံသယဝင်အောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေ (Masters) ပါ။ သူတို့က သင့်ရဲ့ ထင်မြင်ယူဆချက်တွေကို သေးသိမ်အောင် လုပ်တာမျိုး (belittle)၊ သင့်ရဲ့ ဝါသနာတွေကို လှောင်ပြောင်တာမျိုး (make fun of) ဒါမှမဟုတ် သင့်ရဲ့ ခံစားချက်တွေကို အရေးမပါဘူး၊ ဆင်ခြင်တုံတရားမရှိဘူးလို့ (unimportant and irrational) ပစ်ပယ်တာမျိုး လုပ်တတ်ကြပါတယ်။ သူတို့က သင့်ရဲ့ မိမိကိုယ်ကို လေးစားမှု (self-esteem) ကို တဖြည်းဖြည်း ချေဖျက်ပစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သင့်ကို သူတို့ရဲ့ အတည်ပြုပေးမှုနဲ့ ခွင့်ပြုချက်အပေါ် မှီခိုနေစေဖို့ (dependent) ပါပဲ။


သင့်ရဲ့ ဆုံးဖြတ်ချက်တွေကို မယုံကြည်နိုင်တော့အောင် ဒါမှမဟုတ် သင့်ခံစားချက်တွေက အခြေအမြစ်မရှိဘူးလို့ သူတို့က သင့်ကို ယုံကြည်အောင် လုပ်နိုင်တယ်ဆိုရင် သင်ဟာ အသေးငယ်ဆုံး ဆုံးဖြတ်ချက်တွေအတွက်ပါ သူတို့ရဲ့ လမ်းညွှန်မှုကို စတင်ရှာဖွေလာနိုင်ပါတယ်။ ဒါမျိုးကို ကျွန်တော် အများကြီး တွေ့ဖူးပါတယ်။ ဒါဟာ သူတို့အနေနဲ့ ဆက်ဆံရေးအပေါ် ထိန်းချုပ်မှုနဲ့ အာဏာကို ထိန်းသိမ်းထားဖို့ (maintain control and power) နည်းလမ်းတစ်ခုပါပဲ။


Previous Post Next Post

no-style

Popular ⦿ လူကြိုက်များ