သစ္စာဖောက်ခံရမှုကို ခွင့်လွှတ်လိုက်တဲ့ အမျိုးသားတွေမှာ ကျွန်မတွေ့ရတာက ဒါဟာ သူတို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးနိမ့်ကျစေသလို ခံစားရစေတာပါပဲ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်လာကြတယ်။ ဘာလို့လဲဆိုတော့ လမ်းခွဲဖို့ သတ္တိ ဘာလို့မရှိတာလဲလို့ ခံစားရတာကြောင့် ဒေါသထွက်လာကြတယ်။ များသောအားဖြင့် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အရမ်းဒေါသထွက်ပြီး "ငါက ယောက်ျားတစ်ယောက် မဟုတ်တော့ဘူးလား" လို့ တွေးလာတတ်ကြတယ်။ ငါ့သူငယ်ချင်းတွေသာ သိရင် ဘာထင်မလဲဆိုပြီး စဉ်းစားကြတယ်။
အဲဒီလိုဖြစ်လာတဲ့အခါ သူတို့မှာ ဒေါသတွေ၊ မကျေနပ်ချက်တွေ အများကြီးဖြစ်လာပြီး အဲဒါတွေဟာ အမျိုးသမီးအပေါ်ဖြစ်စေ၊ သူတို့ကိုယ်တိုင်အပေါ်ဖြစ်စေ အကြမ်းဖက်မှုပုံစံနဲ့ ထွက်ပေါ်လာတတ်ပါတယ်။ ဒါဟာ ထိန်းချုပ်လိုတဲ့အပြုအမူတွေ၊ စော်ကားပြောဆိုမှုတွေ၊ တချို့ဆိုရင် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ အမျိုးသားတွေဟာ စိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတာကြောင့် ကိုယ်ထိလက်ရောက် ကိုင်တွယ်ဖြေရှင်းတတ်ကြတယ်။
ဒေါသရဲ့ အရင်းအမြစ်အစစ်အမှန်က စိတ်ဓာတ်ကျခြင်း (depression) တစ်မျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီအရာက သူတို့အတွက် မကောင်းတဲ့အရာတွေကို ဖြစ်ပေါ်စေပါတယ်။ အမျိုးသမီးတွေအတွက်ဆိုရင် ဖောက်ပြန်ခံရတဲ့အခါ လူမှုရေးအရ အားပေးထောက်ခံမှုတွေ အများကြီးရနိုင်ပါတယ်။ အတူတူကြုံဖူးတဲ့ သူငယ်ချင်းတွေကို ပြောပြနိုင်တယ်၊ မိခင်ကို ပြောပြနိုင်တယ်။ ဒါပေမဲ့ အမျိုးသားတစ်ယောက်ကတော့ "ငါ့ကို ဒီလိုလုပ်ခဲ့ရင် ငါယောက်ျားရဲ့ မာနတွေ ဘယ်ရောက်ကုန်သလဲ" လို့ တွေးတတ်ကြတာပါပဲ။
0 Comments