လူမှုရေး ကျွမ်းကျင်မှု မြှင့်တင်ခြင်း Social Snowball (လိုက်လျောညီထွေမှု) နည်းစနစ်


 


ကျွန်မတို့ ကျောင်းသားတွေကို သင်ကြားပေးတဲ့ ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခု ရှိပါတယ်။ ဒါကို Social Snowball လို့ ခေါ်ပါတယ်။ ဒါဟာ အရမ်းထိရောက်ပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။ သင် ဒီလေ့ကျင့်ခန်းကို များများလုပ်လေ၊ စိုးရိမ်ပူပန်ပြီး မပြေလည်တဲ့ အခြေအနေကနေ ယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့သူ (confident and sociable one) ဖြစ်လာဖို့ လုပ်ငန်းစဉ်က ပိုမြန်လေပါပဲ။


Social Snowball  လက်တွေ့အသုံးချခြင်း


ဥပမာ- သင်က ဘားတစ်ခုကို ရောက်နေတယ်၊ အချိုရည်တစ်ခွက် မှာလိုက်တယ်ဆိုပါစို့။ ဘားကောင်တာက အမျိုးသား ဒါမှမဟုတ် အမျိုးသမီးကို စက်ရုပ်တစ်ရုပ်လို သဘောထားမယ့်အစား သူကို စတင် နှုတ်ဆက်စကားဆိုခြင်းဖြင့် ဟဲလို ညနေခင်း ဘယ်လိုလဲအခြေအနေက ၊ သူတို့ နာမည် ဘယ်လိုခေါ်လဲလို့ မေးကြည့်ပါ။ ဒါက နောက်ပိုင်း ဘားကို မကြာခဏသွားတဲ့အခါ သင့်ကို အကူအညီရစေပါလိမ့်မယ်။ သူတို့ နာမည်မေးထားတဲ့သူ ဖြစ်တဲ့အတွက် သူတို့နာမည်ကို ခေါ်ပြီး ခင်ဗျားကို တခြားသူတွေထက် စောစော အချိုရည် လာချပေးဖို့ အလားအလာ ပိုများပါလိမ့်မယ်။


ယုံကြည်မှု တည်ဆောက်ခြင်းနှင့် အမူအအရာများ


ဒါ့အပြင် သင်က အမျိုးသမီးတစ်ယောက်ကို ဘားကို ခေါ်လာပြီး အချိုရည် မှာချင်တဲ့အခါ တခြားလူတွေထက် စောစော အချိုရည်ရတာကို သူမ မြင်တဲ့အခါ ဒါက ကောင်းတဲ့အချက်တစ်ခုပါပဲ။ ဒီအချိန်ရောက်ရင် သင်ဟာ ကြိုတင်နွေးထွေးတဲ့ ဆက်ဆံမှုတွေမရှိဘဲ ခံစားရတာထက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပါလိမ့်မယ် (far less self-conscious)။ ဒါတွေအားလုံးက သင့်ရဲ့ ကိုယ်ဟန်အမူအရာ၊ မျက်လုံးချင်းဆုံမှုနဲ့ ယေဘုယျအားဖြင့် ပေးတဲ့ ခံစားချက်တွေမှာ ပေါ်လွင်လာပါလိမ့်မယ်။

Post a Comment

Previous Post Next Post