သင့်အတွက် ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ဦးကို ရွေးချယ်နိုင်ခြင်း ဟာ တစ်သက်တာ ကုထုံးတစ်ခုပါပဲ။ သူက သင့်ကို တကယ်ပဲ ပြောင်းလဲပေးနိုင်ပါတယ်။
ကျွန်မဆီကို ကုသဖို့ ရောက်လာတဲ့ စိုးရိမ်ပူပန်တတ်သူ အများစုကို တွေ့ရပါတယ်။ သူတို့မှာ ရိုက်နှက်တတ်တဲ့၊ လျစ်လျူရှုတတ်တဲ့ လက်တွဲဖော်တွေ ရှိနေတတ်ပါတယ်။ သူတို့က ကုစားဖို့ လာတဲ့အခါ ကျွန်မ ပြောမိပါတယ်။ "တောင်းပန်ပါတယ်၊ ကျွန်မနဲ့ တစ်ပတ်ကို တစ်နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ သင့်ကို ဘယ်သူမှ မမြင်သလို ခံစားရစေတဲ့ သင့်ရဲ့ လက်တွဲဖော်နဲ့တော့ ၂၄ နာရီလုံး ရှိနေတာပါ။"
သင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လို့ရမယ်၊ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ကြိုးစားလို့ရမယ်။ ဒါပေမဲ့ ကျွန်မ ကတိပေးပါတယ်။ ချစ်ခင်ပြီး တည်ငြိမ်တဲ့ လက်တွဲဖော်တစ်ဦးရဲ့ အကျိုးသက်ရောက်မှု ဟာ ဘယ်ကုထုံးထက်မဆို သင့်အတွက် ပိုပြီး အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ ကျန်းမာတဲ့ လူသားချင်း ဆက်ဆံရေး ဆိုတာ တကယ်ကို စွမ်းအားကြီးပါတယ်။