Narcissist ( အတ္တကြီးလွန်းသူ) အများစုဟာ ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘဲ သင်က ရှေ့ဆက်ဖို့ပဲ မျှော်လင့်တတ်ကြပါတယ်။ တောင်းပန်တတ်တဲ့သူတွေတောင်မှ တောင်းပန်ပြီးတာနဲ့ ကိစ္စပြီးဆုံးသွားပြီလို့ ယူဆတတ်ကြပါတယ်။ သင်ခံစားခဲ့ရတဲ့ သစ္စာဖောက်မှု၊ သူတို့ကြောင့် ရရှိခဲ့တဲ့ နာကျင်မှုတွေအပေါ် စိတ်ခံစားမှု ဆက်ရှိနေသေးတယ်ဆိုရင် သူတို့က အရမ်းစိတ်မရှည်တာ ဒါမှမဟုတ် ဒေါသထွက်တာမျိုးတောင် ဖြစ်လာပါလိမ့်မယ်။
"ဘာလို့ ဒီကိစ္စကို ဆက်ပြောနေသေးတာလဲ၊ ပြီးသွားပြီ ထင်တာပဲ" ဆိုပြီး သူတို့က ပြောတတ်ပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုမှာ စာနာမှုဆိုတာ လုံးဝမရှိပါဘူး။ သူတို့လိုချင်တာက သင်က အမြန်ဆုံး ရှေ့ဆက်သွားဖို့ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ဒီလိုလုပ်လိုက်တဲ့အချိန်ကတည်းက ရှေ့ဆက်သွားခဲ့ကြပြီးသားပါ။ တကယ်တော့ သူတို့အတွက် ရှေ့ဆက်စရာ ဘာမှမရှိခဲ့တာမျိုးတောင် ဖြစ်နိုင်ပါတယ်။
0 Comments