Header Ads Widget

Responsive Advertisement

ဖောက်ပြန်ခြင်း နှင့် ခွင့်လွှတ်ခြင်း


 


တစ်စုံတစ်ယောက်က သင့်ကို လိမ်ညာတာပဲဖြစ်ဖြစ်၊ တခြားမကောင်းတဲ့ အပြုအမူတွေ လုပ်ခဲ့တာပဲဖြစ်ဖြစ်၊ သင်က အဲဒီအပြုအမူကို ခွင့်လွှတ်လိုက်တယ်ဆိုရင် အဲဒါမျိုး ထပ်ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားရပါမယ်။ ခွင့်လွှတ်တယ်ဆိုတာ "အရာရာ အဆင်ပြေသွားပြီ" လို့ ယူဆလိုက်တာမျိုး မဟုတ်ပါဘူး။


ခွင့်လွှတ်လိုက်တာနဲ့အတူ ဒီဆက်ဆံရေးနဲ့ပတ်သက်တဲ့ သင့်ရဲ့ အတွေးအခေါ်ပုံစံကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ဆီမှာ အခုဆိုရင် အရင်က မသိခဲ့ရတဲ့ သက်သေအထောက်အထားတွေ ရှိနေပြီလေ။ "ဒီလူက ဒီလိုအပြုအမူမျိုး ထပ်လုပ်နိုင်စွမ်းမရှိတော့ဘူး" လို့ ယူဆပြီး ဆက်ဆံရေးထဲကို ပြန်ဝင်သွားမယ်ဆိုရင် ဒါဟာ တော်တော်လေး အ naive ဖြစ်ပါတယ်။


ပိုပြီး မှန်ကန်တဲ့ ချဉ်းကပ်မှုကတော့ "မင်းကို ငါလုံးဝ ခွင့်လွှတ်တယ်၊ ဒါပေမဲ့ မင်းမှာ ငါမသိခဲ့တဲ့ ဒီလိုအပြုအမူမျိုး လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို အခု ငါသတိထားမိပြီ" လို့ တွေးတာမျိုးပါ။ ဖြစ်နိုင်ခြေကတော့ အဲဒီအပြုအမူမျိုး ထပ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ခွင့်လွှတ်ဖို့၊ အဲဒါမျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ဖို့၊ ဒါပေမဲ့ ထပ်ဖြစ်လာခဲ့ရင်လည်း ပြင်ဆင်ထားဖို့ပါပဲ။


ရိုးရိုးရှင်းရှင်း ခွင့်လွှတ်လိုက်ရုံနဲ့ "အချစ်က အရာအားလုံးကို အောင်နိုင်တယ်" ဆိုတဲ့ အတွေးမျိုးက လက်တွေ့ကမ္ဘာမှာ မရှိပါဘူး။ လက်တွေ့ကမ္ဘာမှာတော့ လက်တွေ့ဘဝကသာ အရာအားလုံးကို အောင်နိုင်ပါတယ်။a

Post a Comment

0 Comments