စိတ်ဓာတ်ကျခြင်း (Depression) ရဲ့ လက္ခဏာ (၈) ရပ်

တစ်စုံတစ်ဦးမှာ စိတ်ဓာတ်ကျခြင်း (Depression) လက္ခဏာတွေ ရှိနေနိုင်တယ်ဆိုတာကို ပြသနေတဲ့ အချက် (၈) ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အဆိုးမြင်စိတ်နဲ့ မျှော်လင့်ချက်မဲ့ခြင်း: သူတို့ဟာ အတော်လေး အဆိုးမြင်တတ်ပြီး ဘဝမှာ မျှော်လင့်ချက်မရှိသလို ခံစားနေရတတ်ပါတယ်။

၂။ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်းနဲ့ အိပ်စက်ဖို့ ခက်ခဲခြင်း: အချိန်တိုင်း မောပန်းနေတယ်လို့ ခံစားရပြီး အိပ်ရေးပုံမှန်မရှိတာ၊ အိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

၃။ စိတ်ဝင်စားမှု လျော့နည်းခြင်း: အရင်က စိတ်ဝင်စားခဲ့တဲ့ အရာတွေအပေါ် စိတ်ဝင်စားမှု လျော့နည်းလာတတ်ပါတယ်။

၎။ အတွေးဆိုးများ ဝင်ရောက်နေခြင်း: မကောင်းတဲ့ အတွေးတွေ၊ မှောင်မိုက်တဲ့ အတွေးတွေ ခဏခဏ ဝင်နေတတ်ပါတယ်။

၅။ စိတ်ခံစားမှု ထိန်းချုပ်ရခက်ခဲခြင်း: သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲတတ်ပါတယ်။ ရုတ်တရက် ဝမ်းနည်းတာ၊ စိတ်တိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၆။ စိုးရိမ်ပူပန်မှုများ ရှိခြင်း: စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေနဲ့ အမြဲလိုလို ရင်ဆိုင်နေရတတ်ပါတယ်။

၇။ စိတ်တိုလွယ်ခြင်း: အကြောင်းအရာသေးသေးလေးတွေနဲ့ ပတ်သက်ပြီး စိတ်တိုဒေါသထွက်လွယ်တဲ့ အပြုအမူတွေ ပြသတတ်ပါတယ်။

၈။ စားသောက်ပုံနဲ့ ကိုယ်အလေးချိန် ရုတ်တရက် ပြောင်းလဲခြင်း: အစားစားချင်စိတ် ပြောင်းလဲတာ (အများကြီးစားတာ ဒါမှမဟုတ် နည်းနည်းပဲစားတာ) နဲ့ ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ/ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေထဲက တစ်ခုမက တွေ့ရတယ်ဆိုရင် ကျွမ်းကျင်သူ (ဥပမာ- စိတ်ကျန်းမာရေး ဆရာဝန် သို့မဟုတ် အတိုင်ပင်ခံ) နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ အကြံပြုလိုပါတယ်
Previous Post Next Post