Header Ads Widget

Responsive Advertisement

အမျိုးသားတွေ မှားတတ်တဲ့ အချက်တစ်ချက်မှာ ဆွဲဆောင်မှု ရှိစရာ မလိုဘူးဟုထင်မြင်ချက်ပဲ


 

အမျိုးသားတွေ မှားတတ်တဲ့ အခြေခံအကျဆုံးအချက်ကတော့ အမျိုးသမီးတွေကို ဆွဲဆောင်မှုမလိုဘူးလို့ ထင်ကြတာပါပဲ။ တကယ်တော့ အမျိုးသမီးတွေလည်း ဆွဲဆောင်မှု လိုအပ်ပါတယ်။ ခန့်ချောကြီး ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ သင့်အပေါ် ဆွဲဆောင်မှု တစ်ခုခုတော့ ရှိကိုရှိရပါမယ်။

ဒီဆွဲဆောင်မှုဆိုတာ အမျိုးသမီးတစ်ဦးချင်းစီအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ တချို့အမျိုးသမီးတွေက ဖခင်ကိုယ်လုံးကိုယ်ပေါက် (Dad bods) ကို ကြိုက်နှစ်သက်ကြသလို၊ တချို့က အရပ်ပုတဲ့ အမျိုးသားတွေကို ကြိုက်ကြပါတယ်။ တချို့ကျတော့ ဘယ်လူမျိုး၊ ဘယ်အသားအရောင်၊ ဘယ်အရွယ်အစားမဆို စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့ သူ့အပေါ် ဆွဲဆောင်မှု တစ်ခုခု ရှိနေမှသာ သင့်ကို လေးစားပြီး သင့်ကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်မျိုး ရှိမှာပါ။

အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျတဲ့ အမျိုးသားတစ်ယောက်က ဂရုစိုက်မှုပေးလာတဲ့အခါ ပိုပြီး တောင့်တခြင်း (desirable) ခံရတယ်လို့ ခံစားရပါတယ်။ ဥပမာ - တကယ့်ကို ရုပ်ချောတဲ့ အမျိုးသားတစ်ယောက်က ကျွန်မဖုန်းနံပါတ် တောင်းရင် "တောင်းပန်ပါတယ်၊ ချစ်သူရှိပါတယ်၊ ဒါပေမဲ့ ကျေးဇူးအများကြီးတင်ပါတယ်၊ ပျော်ရွှင်တဲ့နေ့လေး ဖြစ်ပါစေ" လို့ ယဉ်ယဉ်ကျေးကျေး ပြန်ပြောမိမှာပါ။ ဒါပေမဲ့ ရူးကြောင်ကြောင်လူတစ်ယောက်က အဲလိုလာပြောရင်တော့ "သွားစမ်း၊ ငါ့နားမကပ်နဲ့" လို့ ပြောမိမှာပါပဲ။

ဆွဲဆောင်မှု က ကျွန်မသူတို့ကို ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ အပေါ်မှာ အခြေခံကျတဲ့ ကွာခြားချက်တစ်ခုပါပဲ။ အမျိုးသားတွေ မှားယွင်းစွာ နားလည်ထားတာက ဆွဲဆောင်မှုကို ဝယ်ယူလို့ရတယ် လို့ ထင်နေကြတာပါ။ "သူမကို ကောင်းကောင်းဆက်ဆံမယ်၊ ဒီလိုနေထိုင်မှုပုံစံ ပေးမယ်၊ လုံခြုံမှု ပေးမယ်၊ ဒီလိုလုပ်နိုင်မယ်၊ ဒီလိုလုပ်နိုင်မယ်၊ ဒီလိုလုပ်နိုင်မယ်ဆိုရင် သူမ ငါ့ကို အရမ်းချစ်လိမ့်မယ်" လို့ ထင်ကြတာပါ။

Post a Comment

0 Comments