တစ်စုံတစ်ဦးက သင့်ကို ဦးစားပေးအဖြစ်မဟုတ်ဘဲ ရွေးချယ်စရာတစ်ခုအဖြစ်သာ မြင်နေကြောင်း ပြသနေတဲ့ လက္ခဏာ (၄) ချက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
၁။ သူတို့ သင့်ဆီက တစ်ခုခုလိုအပ်မှသာ ပေါ်လာတတ်ခြင်း: သူတို့ဟာ သင့်ဆီက အကူအညီ၊ အချိန်၊ ဒါမှမဟုတ် တခြားအရာတစ်ခုခု လိုအပ်တဲ့အခါမှသာ သင့်ဆီ ရောက်လာတတ်ပြီး၊ တခြားအချိန်တွေမှာ သင့်ကို ဂရုမစိုက်တတ်ပါဘူး။
၂။ သင့်ရဲ့ ဝါသနာတွေကို စိတ်ဝင်စားမှုမပြခြင်း: သင်စိတ်အားထက်သန်တဲ့အရာတွေ၊ ဝါသနာတွေနဲ့ ပတ်သက်ပြီး သူတို့က တကယ့်စိတ်ဝင်စားမှုမျိုး မပြသတတ်ပါဘူး။
၃။ သူတို့ရဲ့ဘဝအကြောင်း သင့်ကို ဖွင့်ဟမပြောခြင်း: သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝအကြောင်း၊ ခံစားချက်တွေ ဒါမှမဟုတ် အတွေ့အကြုံတွေကို သင့်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလေ့မရှိပါဘူး။
၎။ ဆက်ဆံရေးရဲ့ အလုပ်အားလုံးကို သင့်တစ်ဦးတည်း လုပ်စေခြင်း: ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့၊ တိုးတက်အောင်လုပ်ဖို့ ဒါမှမဟုတ် ပြဿနာတွေဖြေရှင်းဖို့အတွက် အားထုတ်မှုအားလုံးကို သင့်တစ်ဦးတည်းကသာ လုပ်ဆောင်နေရတတ်ပါတယ်။
0 Comments