ငယ်ဘဝကတည်းက စော်ကားနှိပ်စက်ခံရတဲ့အခါ ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ အဓိကယုံကြည်ချက်တစ်ခု ဖြစ်ပေါ်လာတတ်ပါတယ်။ အဲ့ဒီယုံကြည်ချက်ကတော့ "ဘယ်သူမှ ငါ့ကိုမချစ်ဘူး၊ ဘယ်သူမှ ငါ့ကိုဂရုမစိုက်ဘူး၊ ငါက တန်ဖိုးမရှိဘူး၊ ဒီလိုခံရဖို့ ငါနဲ့ ထိုက်တန်တယ်" ဆိုတာပါပဲ။ ကလေးတစ်ယောက်အနေနဲ့ "အဖေက ဆိုးတယ်၊ အမေက ဘာညာ" လို့ သင်ယူမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိဘကိုချစ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ မွေးရာပါစိတ်မှာ ပါပြီးသားပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိဘကိုမချစ်ရင် ကျွန်တော်တို့ကို ကယ်တင်မယ့်သူ မရှိတော့ဘူးလို့ ခံစားရပြီး သေသွားမယ်လို့ တွေးမိတတ်လို့ပါ။
ဒါကြောင့် မိဘက နှိပ်စက်တဲ့အခါမှာ "အဖေက မူးယစ်ဆေးသုံးနေတာ၊ အမေက စိတ်ပိုင်းဆိုင်ရာ ခပ်ကင်းကင်းနေတာ" လို့ ကလေးက မစဉ်းစားမိပါဘူး။ သူတို့က "ငါက မချစ်စရာကောင်းသူ၊ ငါက မနှစ်မြို့စရာကောင်းသူ၊ ငါက ပြဿနာ" လို့ပဲ တွေးမိတတ်ပါတယ်။ ဒီလိုအတွေးတွေက စိတ်အနက်ပိုင်းမှာ အမြစ်တွယ်သွားပြီး၊ တစ်သက်လုံး ဒီယုံကြည်ချက်ကို အတည်ပြုပေးမယ့်သူတွေကို ရှာဖွေရင်း ဘဝကို ဖြတ်သန်းသွားကြပါတယ်။
သူတို့ဟာ "ငါက မချစ်စရာကောင်းသူ၊ နာကျင်မှုနဲ့ ထိုက်တန်သူ" ဆိုတာကို ပြန်အမှတ်ရစေမယ့်သူတွေကို ရှာဖွေနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုတကယ်ချစ်ပြီး နာကျင်အောင်မလုပ်တဲ့သူတစ်ယောက်နဲ့ တွေ့တဲ့အခါ "ထူးဆန်းတယ်၊ စိတ်မသက်မသာဖြစ်တယ်" လို့ ခံစားရပြီး၊ ကိုယ့်ကိုချစ်ဖို့ ကြိုးစားတဲ့အတွက် သူတို့ကိုပင် ပြန်ဒဏ်ခတ်သလိုမျိုး ဖြစ်သွားတတ်ပါတယ်။