Header Ads Widget

Responsive Advertisement

သင်က Relationship နဲ့ပတ်သက်ပြီး အမြဲတမ်းစိုးရိမ်တတ်သူ တစ်ယောက်လား


 


ကျွန်မတို့လို စိုးရိမ်စိတ်များတတ်တဲ့သူတွေအတွက် relationship မှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုက ကိုယ့်ချစ်သူဆီက ကိုယ်နဲ့တူညီတဲ့ ရင်းနှီးမှုကို လိုချင်တာပါပဲ။ "ဘာလို့ ဖုန်းမဆက်တာလဲ"၊ "ဘာလို့ ကျွန်မကို မခေါ်ဘဲ အိပ်ပျော်နိုင်တာလဲ"၊ "ဒါဆို မချစ်ဘူးပေါ့" စသဖြင့် တွေးတတ်ကြပါတယ်။


တကယ်တော့ သူတို့က ဒါတွေကို လုပ်နိုင်တာဟာ သူတို့ကို ချစ်တဲ့သူတွေဟာ အမြဲပြန်လာတတ်တယ်ဆိုတဲ့ အသိနဲ့ ကြီးပြင်းလာခဲ့လို့ပါ။ ဒါကြောင့် သူတို့က ကျွန်မတို့ကို မချစ်လို့၊ မလွမ်းလို့ မဟုတ်ပါဘူး။ သူတို့က ဖြစ်စဉ်တစ်ခုလုံးကို ယုံကြည်စိတ်ချလို့ပါ။ ဒါကို ကျွန်မတို့က သူတို့ရဲ့ လွတ်လပ်မှုကို "ငါ့ကို မချစ်တော့ဘူး" လို့ မှတ်ယူလိုက်ကြတာပါပဲ။


ဒါကြောင့် အပြန်အလှန် နားလည်မှုရှိဖို့က အရေးကြီးပါတယ်။ သူ့ရဲ့ လွတ်လပ်မှုဟာ သင့်ဆီကနေ ခွာတာမဟုတ်ဘဲ၊ သူက သင့်ကို ယုံကြည်လို့၊ သင့်ဆီ ပြန်လာမယ်ဆိုတာ သိလို့၊ သင့်ရဲ့အချစ်က သူ့ကို လွတ်လပ်ခွင့်ပေးလိုက်တာကို သင်နားလည်ဖို့ လိုပါတယ်။


ဒါပေမဲ့ ကျွန်မတို့အတွက်ကျတော့ ဒါက "မင်းငါ့ကို မချစ်ဘူး၊ ငါမင်းကို လိုအပ်သလို မင်းကငါ့ကို မလိုအပ်ဘူး" ဆိုတဲ့ အချက်ပြမှုတစ်ခုလို ဖြစ်နေပါတယ်။ တကယ်တော့ သူက မှတ်ထားရမှာက ကျွန်မတို့ဟာ ပုံမှန်လုပ်နေကျ အလေ့အထလေးတွေ (ဥပမာ- ဖုန်းခေါ်တာမျိုး) လိုအပ်တယ်ဆိုတာပါပဲ။

Post a Comment

0 Comments