Header Ads Widget

Responsive Advertisement

မားမားဘွိုင်းတွေရဲ့ communitcation ပြသနာများ


 


မာမားဘွိုင်းတစ်ဦးဟာ ငယ်စဉ်ဘဝကတည်းက မိခင်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့ အပြုအမူတွေဟာ မိန်းကလေးတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒီလိုအမျိုးသားတွေဟာ မိခင်ရဲ့မျက်နှာသာပေးမှုကို အရမ်းတောင့်တ ပြီး အပြင်လောကထဲကို ရောက်တဲ့အခါ "အမျိုးသမီးတစ်ဦးရဲ့ သဘောကျမှုကို ရရင် ဘဝမှာ လိုအပ်တာ ဒါပဲ" လို့ ထင်မှတ်တတ်ကြပါတယ်။ အမျိုးသားတွေရဲ့ သဘောကျမှုက အရေးမကြီးဘူးလို့လည်း ယူဆတတ်ကြပါတယ်။

ဒါပေမယ့် ပြဿနာကတော့ သူတို့ဟာ မိခင်ဆီကနေ အမျိုးသမီးရဲ့ သဘောကျမှုကို ဘယ်လိုရယူရမယ်ဆိုတာကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ မိခင်တစ်ယောက်က ဘယ်လိုသားမျိုးကို သဘောကျတတ်သလဲဆိုတော့-

  • စကားနားထောင်တဲ့သူ (obedient)
  • ခေါင်းငုံ့ခံတဲ့သူ (submissive)
  • ရန်မဖြစ်ချင်တဲ့သူ (non-confrontational)
  • လိင်ကိစ္စကို စိတ်မဝင်စားတဲ့သူ (nonsexual) (သူ့ရဲ့ ကလေးမို့လို့ပေါ့)

ဒီလိုစွမ်းရည်တွေကိုပဲ သူတို့က အပြင်လောကက အမျိုးသမီးတွေနဲ့ ဆက်ဆံရာမှာ သုံးကြပါတယ်။ ရလဒ်အနေနဲ့ ဒီအမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရမယ့် ပြဿနာမှန်သမျှကို ရောဂါဆိုးကြီးလို ရှောင်လွှဲ တတ်ကြပါတယ်။ အမျိုးသားချင်းဆိုရင်တော့ သိပ်မဆိုးပါဘူး။ အလုပ်ခွင်မှာဆိုရင် အချို့သော ယဉ်ကျေးပျူငှာတဲ့ အမျိုးသားတွေဟာ တခြားအမျိုးသားတွေနဲ့ဆို အရမ်းပြင်းထန်ပြီး တင်းမာတတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့ဆိုရင်တော့ ပဋိပက္ခမှန်သမျှကို ရှောင်လွှဲတတ်တာကို တွေ့ရပါလိမ့်မယ်။

Post a Comment

0 Comments