Header Ads Widget

Responsive Advertisement

Relationship Anxiety ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်းများ

 




ကျွန်တော်တို့ဟာ ရှားပါးတယ် (scarcity) လို့ ထင်မြင်တဲ့ စိတ်မျိုးဝင်ဖို့ အရမ်းလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက တကယ်တမ်းမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခု ဖြစ်နေလို့ပါ။ ဥပမာ - ကိုယ်စိတ်ဝင်စားတဲ့သူမျိုး မတွေ့တာ ကြာပြီဖြစ်တဲ့အတွက် နောက်ဆုံးမှာ တစ်ယောက်ယောက်ကို တွေ့လိုက်ရတဲ့အခါ ဒါဟာ တကယ့်ကို ရှားပါးတယ်၊ အခုမှပဲ ဓာတ်တည့်တာ၊ အခုမှပဲ ဆက်သွယ်မှုရတာဆိုပြီး ဖြစ်သွားတတ်ပါတယ်။ ဒီဆက်ဆံရေးသာ အဆင်မပြေခဲ့ရင် နောက်တစ်ယောက်ရှာဖို့ အချိန်အကြာကြီး ထပ်ကြာဦးမယ်ဆိုပြီး စိုးရိမ်စိတ်တွေ ဝင်လာတတ်ပါတယ်။

ဒါပေမဲ့ ဒီလိုတွေးတာက ပြန်ပြီးဆန့်ကျင်ဘက်ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကြောက်တဲ့အရာကိုပဲ ပိုဖြစ်လာစေနိုင်လို့ပါ။ ဒီလိုတွေးတာက ကိုယ်ချဉ်းကပ်ချင်တဲ့သူကို ဝေးကွာသွားစေနိုင်ပါတယ်။

သင် တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံဖူးလားမသိဘူး။ သူတို့က သင့်ကိုတွေ့ပြီး "အိုး... မင်းက တော်တော်ကြာမှ တွေ့ဖူးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့လူပဲ"၊ "အိုး... မင်းက ပုံမှန်လူတစ်ယောက်ပဲ"၊ "မင်းက တကယ်မိုက်တယ်" ဆိုပြီး မျက်လုံးတွေ ပြူးကျယ်လာတာမျိုးပေါ့။ အဲ့ဒီအခါ ကိုယ်က "ဟုတ်တယ်၊ ငါသိပါတယ်၊ စိတ်လျှော့ပါဦး" လို့ ပြောရမလို ဖြစ်သွားတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သင်လုပ်ရမှာက ကိုယ့်ရဲ့စိတ်ကို အသုံးပြုပြီး အချစ်တွေ ပေါများတယ် (love abundance) လို့ မြင်နိုင်ဖို့ပါပဲ။ ကိုယ့်မှာ ရွေးချယ်စရာတွေ အများကြီးရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

Post a Comment

0 Comments