no-style

ဘဝမှာ ပျော်ရွှင်မှုထက် စိတ်ငြိမ်းချမ်းမှုကို ရွေးချယ်ပါ

 


တစ်စုံတစ်ယောက်က ပေးခဲ့ဖူးတဲ့ အကောင်းဆုံး အကြံဉာဏ်တွေထဲက တစ်ခုကတော့ "ဘဝမှာ ပျော်ရွှင်မှုထက် ငြိမ်းချမ်းမှုကို ရွေးချယ်ပါ" ဆိုတဲ့ အချက်ပါပဲ။


ပျော်ရွှင်မှုကို ရှာဖွေခြင်း (Pleasure Seeking)

ပျော်ရွှင်မှုကို ရှာဖွေခြင်း (Pleasure Seeking) က ရေတို စိတ်ကျေနပ်မှုကို ပေးနိုင်ပါတယ်။ ဥပမာ- စိတ်ပျော်စရာကောင်းတဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်တွေ၊ တစ်လတာ ကောင်းမွန်တဲ့ ကာလတွေ၊ ပျော်စရာအားလပ်ရက်တွေ၊ အရသာရှိတဲ့ အစားအစာတွေ စတာတွေက ပျော်ရွှင်မှုကို ပေးပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကို ရှာဖွေခြင်းက ဦးနှောက်ထဲက dopamine (ပျော်ရွှင်မှု ဟော်မုန်း) ကိုသာ မြှင့်တင်ပေးပြီး serotonin (စိတ်တည်ငြိမ်မှု ဟော်မုန်း) ကိုတော့ မမြှင့်တင်ပေးပါဘူး။ ပျော်ရွှင်မှုကို ရှာဖွေခြင်းမှာ မနက်ရောက်ရင် နောင်တရစရာတွေ ပါဝင်နိုင်ပါတယ်။


ငြိမ်းချမ်းမှုကို ရှာဖွေခြင်း (Peace Seeking)

ငြိမ်းချမ်းမှုကို ရှာဖွေသူ (Peace Seeker) ဖြစ်လာဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းမှုကို ရှာဖွေတယ်ဆိုတာ ရေရှည်မှာ နောင်တရစရာမရှိမယ့် ဆုံးဖြတ်ချက်တွေကို ရွေးချယ်တာကို ဆိုလိုပါတယ်။ ငြိမ်းချမ်းမှုကို ရှာဖွေခြင်းက ရေရှည်မှာ ကိုယ့်ကို ကူညီပေးနိုင်မယ့် အရာတွေကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အတွေးအခေါ်ကို ပျော်ရွှင်မှုကနေ ငြိမ်းချမ်းမှုဆီ ပြောင်းလဲလိုက်ခြင်းက အများအားဖြင့် အထောက်အကူ ဖြစ်စေမှာပါ။‌ေ

Previous Post Next Post