မိမိ ကိုယ့်ကိုယ် မြတ်နိုးတန်ဖိုးထားခြင်း
အဓိကအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးတန်ဖိုးထားဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် နှစ်သက်လာတဲ့အခါ တခြားသူတွေအတွက် ကိုယ်ဟာ လက်ဆောင်တစ်ခုလို မြင်လာပါလိမ့်မယ်။ အဲဒီအခါ "မင်းက ငါ့ကို အချိန်မရွေး ဆက်သွယ်လို့ မရဘူး၊ ငါ့ကို အဲဒီလို စကားပြောလို့ မရဘူး၊ ငါ့ကို မလေးမစားလုပ်လို့ မရဘူး" လို့ ပြောနိုင်လာပါလိမ့်မယ်။
ကိုယ့်ရဲ့အားသာချက်ကို အပြည့်အဝ အသုံးချပါ
ကိုယ့်ကိုယ်ကိုယ် ဘယ်လို မြတ်နိုးတန်ဖိုးထားအောင် လုပ်မလဲဆိုတော့ ကိုယ့်ရဲ့ အလားအလာတွေကို အပြည့်အဝ အသုံးချပြီး အပေါင်းဆောင်တဲ့လက္ခဏာ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်ခြင်းအားဖြင့် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မနှစ်သက်တဲ့အခါ ဘယ်လိုဖြစ်တတ်လဲဆိုတော့ ကိုယ့်ရဲ့ အားသာချက်တွေကို အပြည့်အဝ အသုံးမချဘဲ ဆုံးဖြတ်ချက်အမှားတွေ ချမှတ်နေတာမျိုးပါ။ ဘဝမှာ ရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်တွေ ချတာမျိုး၊ လူအများရှေ့မှာတော့ ကောင်းချင် ကောင်းနေပေမယ့် တစ်ယောက်တည်းရှိနေချိန်၊ အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်တောင် မလေးစားနိုင်တဲ့ အရာတွေ လုပ်နေတာမျိုးတွေပါ။ ဥပမာ - OnlyFans တွေကို ပိုက်ဆံပေးပြီး ကြည့်တာ၊ ညလုံးပေါက် ဖဲကစားတာ၊ အရက်အလွန်အကျွံ သောက်တာ စသဖြင့် ကိုယ့်ကိုယ်ကိုယ် ပျက်းစီးအောင်လုပ်မိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
0 Comments