Header Ads Widget

Responsive Advertisement

Healthy Relationship နဲ့ စိုးရိမ်စိတ်ကြီးသူ

 



Healthy Relationship ရဲ့  စိုးရိမ်စိတ်များသူ


သင်က စိုးရိမ်ပူပန်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး Healthy Relationship ချစ်သူမျိုး ရလာတဲ့အခါ ဒါဟာ ခက်ခဲတဲ့အခြေအနေတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပုံမှန်စိတ်ထားတည်ငြိမ်တဲ့သူတွေ ဘယ်လိုနေထိုင်ပြုမူတယ်ဆိုတာကို သင့်အတွက် ပုံစံကောင်းအနေနဲ့ ပြသပေးနေလို့ပါပဲ။


တစ်ချိန်တည်းမှာပဲ သင်က ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရပါလိမ့်မယ်။ "သူတို့က ငါ့ကို စိတ်ဖိစီးမှုတွေ အများကြီး မပေးဘဲ၊ ငါကတော့ သူတို့ကို စိတ်ဖိစီးမှုတွေ အများကြီး ပေးမိနေတာ။ သူတို့ ဒါမျိုးနဲ့ ထိုက်တန်ရဲ့လား" လို့ တွေးမိပါလိမ့်မယ်။


"သူတို့က အပေါင်းလက္ခဏာဆောင် သူတစ်ယောက်နဲ့ အလွယ်တကူတွဲပြီး ပျော်ပျော်ရွှင်ရွှင်နေလို့ရတာကို ဘာလို့ ငါ့ကိုမှ ချစ်ချင်ရတာလဲ။ ငါက ချစ်ဖို့ အရမ်းခက်တဲ့သူပဲ" စသဖြင့် သင်တွေးမိနေပါလိမ့်မယ်။ ဒါကြောင့် သင်ဟာ ဒီလူကို တကယ်လိုချင်နေပေမဲ့ သင်နဲ့ ထိုက်တန်ရဲ့လားဆိုတဲ့ ပဋိပက္ခစိတ်တွေနဲ့ ရင်ဆိုင်နေရပါလိမ့်မယ်။


Post a Comment

0 Comments