ဆက်ဆံရေးတစ်ခုထဲ ရောက်တဲ့အခါ တစ်စုံတစ်ယောက်ကို အရမ်းအာရုံစိုက်ပြီး ဂရုစိုက်ပေးမှသာ ဆွဲဆောင်မှု ဖြစ်လာမယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ နှစ်ဦးနှစ်ဖက် ကခုန်ရမယ့် နှေးကွေးတဲ့ ကကွက်တစ်ခုလိုပါပဲ။
မှန်ကန်တဲ့ အမျိုးသမီး တစ်ယောက်ဟာ သင့်ဘဝကို ပိုပြီး ပြည့်စုံစေပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့တန်ဖိုးကို ဘယ်တော့မှ သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့အမျိုးသမီးဟာ သင့်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားစိတ် (sense of self-worth) ကို ဆွဲဆောင်ခံရပါလိမ့်မယ်။
မိမိကိုယ်ကို တန်ဖိုးထားခြင်း၏ အစွမ်း
သင့်မှာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားဘူးဆိုရင် သင့်အတွက် အကောင်းဆုံးမဟုတ်တဲ့ အမျိုးသမီးတွေကို သင့်ဘဝထဲ ဝင်ခွင့်ပြုမိမှာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် မြင့်မားတဲ့ အတွေးမျိုးကို လက်ခံကျင့်သုံးလိုက်တဲ့အခါ ဒါဟာ မှော်ဆန်သလိုပါပဲ။ တခြားသူတွေ သင့်ကို လာပြီး လွှမ်းမိုးတာမျိုး မရှိတော့ဘူး။ ပြီးတော့ ဘဝက သင့်ကို ခြိမ်းခြောက်နေသလိုမျိုး ခံစားရတော့မှာ မဟုတ်ပါဘူး။
အဲဒီအခါမှာ သင်ဟာ တခြားသူတွေကို သင့်ကို လေးစားဖို့နဲ့ လိုက်ရှာဖို့ သဘာဝအတိုင်း လှုံ့ဆော်နိုင်သူ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးကို သိတဲ့အခါ တခြားသူတွေကိုလည်း သင့်တန်ဖိုးကို သိလာအောင် လှုံ့ဆော်ဖို့ လွယ်ကူသွားပါပြီ။
0 Comments