မှီခိုတွယ်တာတတ်သူ (Codependent) ဖြစ်သူများ၏ လက္ခဏာ
မှီခိုတွယ်တာတတ်သူ ဖြစ်တဲ့သူတွေ ဟာ သူတို့ရဲ့ ပါတနာကို အထူးတလည် မြှင့်တင်ထားတတ်ကြပြီး၊ အဲ့ဒီလူကို ဆုံးရှုံးရမှာ ကြောက်တယ်။ တစ်ယောက်တည်း ဖြစ်သွားမှာ ကြောက်တယ်။ အမှားလုပ်မိမှာ ကြောက်တယ်။ ဒါဆို သူတို့ ဘာလုပ်မလဲ။ ဘာမှ မလုပ်တော့ဘူး။ သူတို့ ကိုယ်တိုင် သူတို့ဘဝမှာ သူတို့ မဟုတ်တော့ဘူး။ ဆက်ဆံရေးထဲမှာ တက်တက်ကြွကြွ မလုပ်ဆောင်နိုင်တော့ဘူး။ အဲ့ဒီအချိန်မှာ သူတို့ဟာ အချစ်နဲ့ ဆွဲဆောင်မှုတွေကို ဖျက်ဆီးပစ်လိုက် တော့တာပါပဲ။
သင့်တွင် မှီခိုတွယ်တာတတ်သူ လက္ခဏာရှိမရှိ စစ်ဆေးခြင်း
ဒါကြောင့် သင် မှီခိုတွယ်တာတတ်သူ ဖြစ်ရဲ့လား၊ မဖြစ်ဘူးလား သိနိုင်မယ့် ဒုတိယလက္ခဏာကတော့ သင့်ရဲ့ ပါတနာကို ဆုံးရှုံးရမှာ ကြောက်ရွံ့တဲ့စိတ် ရှိနေတာပါပဲ။ ဒီအချက်ကို သင် သဘောပေါက်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကြောက်ရွံ့မှုကို သင် တိုက်ထုတ်နိုင်ရင် သင် ပိုပြီး ကောင်းမွန်စွာ ခံစားရပါလိမ့်မယ်။
0 Comments