အမျိုးသားတွေ နားမလည်တဲ့အချက်က "သူမ တစ်ယောက်တည်း ကျန်ခဲ့ပြီး ဆိုးရွားတဲ့ဘဝနဲ့ ဝမ်းနည်းကြေကွဲနေလိမ့်မယ်" လို့ သူတို့ ထင်ကြတာပါပဲ။ ဒါပေမဲ့ လိင်လုပ်သားတွေရဲ့ ဘဝအောင်မြင်မှုကို တိုင်းတာတဲ့ပုံစံကို သင် နားလည်ဖို့ လိုပါတယ်။
ဘဝအောင်မြင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီခြင်း
များသောအားဖြင့် သူတို့ဟာ အိမ်ထောင်ကျတာကို ဘဝအောင်မြင်မှုအဖြစ် တိုင်းတာလေ့မရှိပါဘူး။ သူတို့က ငွေကြေးဖိစီးမှုမရှိဘဲ နေရတာကို ဘဝအောင်မြင်မှုအဖြစ် တိုင်းတာကြပါတယ်။ ဒါကြောင့် သင်က "သူမက ရေရှည်မှာ ဘဝမှာ ဆုံးရှုံးနေတာပဲ" လို့ ပြောတဲ့အခါ သူမက "ကောင်းပြီ၊ ငါ့အိမ်ကြီးထဲမှာ ငါရှုံးပါစေ၊ ဂရုမစိုက်ဘူး။ ငါ့ Lamborghini ထဲမှာ ငါငိုပါစေ၊ ဂရုမစိုက်ဘူး။ ငါ့ကလေးတွေကို Private School ပို့တဲ့အခါလည်း ဂရုမစိုက်ဘူး" လို့ ပြောပါလိမ့်မယ်။ သူတို့ဟာ ဘဝအောင်မြင်မှုကို အရမ်းကို ကွဲပြားစွာ တိုင်းတာကြပါတယ်။
တစ်ယောက်တည်း ဖြစ်ရခြင်းအန္တရာယ်
ဒါကြောင့် သင်က သူတို့ကို နှိမ်ပြီး "မင်းတစ်ယောက်တည်း ကျန်ခဲ့လိမ့်မယ်" လို့ ပြောတဲ့အခါ သူတို့က တစ်ယောက်တည်း ကျန်ခဲ့ရမှာကို ဂရုမစိုက်ကြပါဘူး။ သူတို့က ငွေကြေးကြွေးမြီနဲ့ မကျန်ခဲ့ရဖို့ကိုပဲ လိုချင်ကြတာပါ။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တစ်ယောက်တည်း ကျန်ခဲ့ရတယ်ဆိုတာက အမျိုးသား၊ အမျိုးသမီး၊ ကလေးမရွေး၊ ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ မကောင်းတဲ့သူပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ရင်ဆိုင်ရမယ့် အန္တရာယ်တစ်ခုပါ။ ဒါက လိင်လုပ်သား(Sex worker) တွေမှ တစ်ယောက်တည်း ကျန်ခဲ့ရတာ မဟုတ်ပါဘူး။ တခြားလူများလဲ တစ်ယောက်ကျန်ခဲ့ သွားနိုင်ပါတယ်။
0 Comments