ကိုယ်က လူတိုင်းအတွက် မဟုတ်ဘူးဆိုတာကို လက်ခံပါ။
ကျွန်တော် ချစ်တဲ့သူက ကျွန်တော့်ကို ပြန်မကြိုက်တဲ့အခါ ဒါမှမဟုတ် အေးစက်သွားတဲ့အခါမျိုးတွေမှာ လက်မခံနိုင်သလိုခံစားခဲ့ပါတယ်။ အဲဒီအခါ ကျွန်တော့်တန်ဖိုး၊ ကျွန်တော် ဘယ်လောက် ဆွဲဆောင်မှုရှိလဲဆိုတာ ဒါမှမဟုတ် ဒီလူကို ဆွဲဆောင်ရာမှာ ကျွန်တော် ကျရှုံးခဲ့ပြီလို့ ခံယူခဲ့ပါတယ်။ တစ်ခုခုမှားသွားပြီ၊ တစ်ခုခု မလုပ်သင့်တာကို လုပ်မိသွားပြီ၊ ဒါမှမဟုတ် ဒီစကားကို မပြောခဲ့သင့်ဘူး၊ ဒါမှမဟုတ် ဒီလိုလုပ်ခဲ့သင့်တယ် စသဖြင့် တွေးမိခဲ့ပါတယ်။
ဒါပေမဲ့ ဒီအချက်ကို အမြဲသတိရပါ။ ကျွန်တော်တို့ ကိုယ့်ရဲ့ ပကတိပုံစံအတိုင်း ရှိနေမယ်ဆိုရင် ပယ်ချခံရမှာပါပဲ။ ဒါဟာ ပုံမှန်လည်းဖြစ်သလို မျှော်လင့်ထားသင့်တဲ့အရာလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့အစစ်အမှန်ပုံစံကို ဖော်ပြတဲ့အခါ ကျွန်တော်တို့ဟာ လူတိုင်းအတွက် ဖြစ်မနေနိုင်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ တန်ဖိုးနဲ့ ဘာမှမဆိုင်ပါဘူး၊ တခြားသူတွေရဲ့ အရသာနဲ့သာ ဆိုင်ပါတယ်။
အရေးကြီးတာက ချိန်းတွေ့ခြင်းနဲ့ အချစ်ဆိုတာ လူကြိုက်များမှု ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ သင်က ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတယ်ဆိုရင် လူတိုင်းကို သင်လိုအပ်တာ မဟုတ်ပါဘူး။ တစ်ယောက်တည်းကိုသာ လိုအပ်တာပါ။
0 Comments