Header Ads Widget

Responsive Advertisement

Right Person နှင့် အပြောင်းအလဲမြန်သော စိတ်


 


သင့်ဘဝအတွက် Right Person ကိုနဲ့ မတွေ့မှာကို ကြောက်ရွံ့တာကို ဘယ်လို ရင်ဆိုင်ရမလဲ။ အခုလက်ရှိ စိတ်ထိခိုက်နေရသူတိုင်းကို ကျွန်တော် ပြောချင်တာကတော့ သင့်အတိတ်မှာ လုံးဝ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တဲ့ပြဿနာများ   ၊ အရမ်းကို ဝမ်းနည်းကြေကွဲခဲ့ရတဲ့ အချိန်တစ်ခုကို ပြန်စဉ်းစားကြည့်ပါ။ ပြီးတော့ အခု သင် ဘယ်လိုခံစားရလဲဆိုတာ သတိထားကြည့်ပါ။ အရာအားလုံး ဘယ်လိုပြောင်းလဲသွားပြီလဲဆိုတာ သတိပြုပါ။ အရာအားလုံးက ပြောင်းလဲတတ်ပါတယ်။ အခု သင်ခံစားနေရတဲ့ ဒီအရာကလည်း အချိန်ကာလတစ်ခုပါပဲ ပြောင်းလဲသွားမှာပါ။


ပြောင်းလဲခြင်း၏ စွမ်းအားနှင့် မထင်မှတ်သော အခွင့်အရေးများ


ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတဲ့ အတွေးဟာ သူ့ဘာသာသူ ပုံပြင်တစ်ခု (a story) ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ကို နာကျင်မှုထဲမှာ ပိတ်လှောင်ထားစေတဲ့ အထောက်အကူမပြုတဲ့ အတွေးတစ်ခုပါ။ နောက် ၅ နှစ်မှာ သင့်ရဲ့ အချစ်ရေးက ဘယ်လိုဖြစ်နေမလဲဆိုတာ သင်မသိပါဘူး။ ဘယ်သူတွေ သင့်ဘဝထဲကို ရောက်လာမလဲဆိုတာ သင်မသိပါဘူး။ သင် ဘယ်တော့မှ မမျှော်လင့်ထားတဲ့ ဘယ်လိုလူမျိုး၊ ဘယ်လိုအချစ်မျိုး ပေါ်လာမလဲဆိုတာ သင်မသိနိုင်ပါဘူး။ ဒီအတောအတွင်းမှာလည်း နောက်တစ်လဆိုရင် တစ်ကိုယ်တည်းဖြစ်နေရတာကို သင် ဘယ်လောက် ပိုကောင်းမွန်စွာ ခံစားရနိုင်မလဲဆိုတာ သင်မသိပါဘူး။ အရာအားလုံးက ပြောင်းလဲပါတယ် (everything changes)။

Post a Comment

0 Comments