စိတ်ဒဏ်ရာ (trauma ) ရခဲ့တဲ့ လူတစ်ယောက်ဟာ အချစ်ကလွဲလို့ တခြားဘာမှ မလိုချင်ပါဘူး (wants nothing more than love)။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာ သူတို့အတွက် ရင်းနှီးမှုမရှိတဲ့အရာ ဖြစ်နေတဲ့အတွက် ရရှိလာတဲ့အခါ သံသယဝင်ကြပါတယ်။ ပြီးတော့ လက်မခံဘဲ ပယ်ချတတ်ကြတယ်။ စမ်းသပ်တတ်ကြပြီး သူတို့ကို ချစ်ဖို့ကြိုးစားတဲ့သူကိုတောင် ပြန်ပြီး နာကျင်အောင်လုပ်တတ်ကြပါတယ်။
သူတို့အတွက် မကောင်းတဲ့လူ တစ်ယောက်နဲ့ တွေ့တဲ့အခါကျတော့ ပိုပြီး ရင်းနှီးကျွမ်းဝင်သလို ခံစားရတတ်ပါတယ်။ အနိုင်ကျင့်တတ်တဲ့သူ၊ လျစ်လျူရှုတတ်တဲ့သူ မျိုးနဲ့ တွေ့တဲ့အခါ "ဒီလူကို ငါ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါသိတယ်" လို့ တွေးပြီး "မင်းကို ငါ့နှလုံးသားအပြည့်အဝ ချစ်မယ်" လို့ ဆက်ဆံတတ်ပါတယ်။
ဒါပေမဲ့ တည်ငြိမ်ပြီး ဂရုစိုက်တတ်တဲ့၊ ချစ်တတ်တဲ့သူ တစ်ယောက်နဲ့ တွေ့တဲ့အခါကျတော့ "မင်းဘာဖြစ်နေတာလဲ၊ ဘာလို့ ငါ့ကို ချစ်နေတာလဲ၊ ဒါက တကယ်ဖြစ်နိုင်တာ မဟုတ်ဘူး" လို့ တွေးပြီး "မင်းကို ငါစမ်းသပ်မယ်၊ ငါမင်းကို ဆဲမယ်၊ အော်မယ်၊ လမ်းခွဲချင်ယောင်ဆောင်မယ်" စသဖြင့် စမ်းသပ်မှုတွေ လုပ်တတ်ကြပါတယ်။
ဒါပေမဲ့ အနိုင်ကျင့်တတ်တဲ့၊ လျစ်လျူရှုတတ်တဲ့၊ ကိုယ့်ကိုယ်ကိုယ်သာ အထင်ကြီးတတ်တဲ့ (narcissistic) ချစ်သူမျိုးကျတော့ "မင်းက ငါလိုချင်တဲ့သူပဲ၊ မင်းနဲ့ ဘာလုပ်ရမလဲဆိုတာ ငါအတိအကျ သိတယ်၊ ဒါကြောင့် မင်းကို ချစ်မယ်" လို့ ပြောပြီး ဆက်ဆံတတ်ကြပါတယ်။
0 Comments