ပြောင်းလဲမှုကို လက်ခံဖို့ဆိုရင် ကိုယ့်ရဲ့ အတွေးအခေါ် ကို ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ နားလည်ထားရပါမယ်။
များသောအားဖြင့် ချစ်သူနဲ့ လမ်းခွဲတဲ့အခါ ဆုံးရှုံးမှုရဲ့ ခံစားချက်တွေ ကို ဖြတ်သန်းရပါတယ်။ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ နောင်တရတာ စတဲ့ စိတ်ခံစားချက်တွေ အများကြီး ရှိပါတယ်။ ဒီနောက်မှာတော့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုကို မျှော်လင့်ရပါတယ်။
ကျွန်တော် အမြဲပြောချင်တာကတော့ ဆက်ဆံရေးတွေဟာ များသောအားဖြင့် တာဝန် (assignments) တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီတာဝန်တွေကို သင်ယူရပါတယ်။ သင်ယူမှု အားနည်းခဲ့ရင် အဲဒီသင်ခန်းစာတွေဟာ တခြားဆက်ဆံရေးတွေမှာ ပြန်ပေါ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်ဆံရေးတွေဟာ အမြဲတမ်း သင်ခန်းစာတွေပါ၊ မှားယွင်းမှုတွေ မဟုတ်ပါဘူး လို့ ကျွန်တော် ပြောတာပါ။
အခုလက်ရှိ ဆက်ဆံရေးကို မှားယွင်းမှုတစ်ခုလို့ ကိုယ့်ကိုယ်ကိုယ် ပြောမယ့်အစား "ဒါဟာ ငါ့အတွက် သင်ခန်းစာတစ်ခုပဲ၊ ငါ ဒါကို သင်ယူဖို့လိုတယ်" လို့ မြင်ကြည့်လိုက်ပါ။ ဒီလိုမြင်လိုက်တဲ့အခါ သင့်ရဲ့စိတ်ဓာတ်ကို မြင့်တက်လာစေသလို ရလဒ်တစ်ခုအပေါ် စွဲလမ်းနေတာကနေလည်း လွတ်မြောက် စေပါလိမ့်မယ်။
0 Comments