Attention Seeking Girl ဆိုတာဘာလဲ


 


သင့်အနေနဲ့ ကောင်းမွန်တဲ့အမျိုးသားတစ်ဦးနဲ့အတူရှိနေပြီး သူက သင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ၊ အရမ်းကြင်နာတတ်တယ်ဆိုပါစို့။ ဒါပေမဲ့ သင်က စိတ်ရှုပ်ထွေးတတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး မငြိမ်မသက်ဖြစ်နေတာကို တောင့်တသူ (chaotic woman) ဆိုရင် ဘာဖြစ်လာမလဲဆိုတော့ သင်ဟာ အမြဲတမ်း တခြားအမျိုးသားတွေဆီက အသိအမှတ်ပြုမှု လိုအပ်နေပါလိမ့်မယ်။ ဘယ်အချိန်မဆို တခြားအမျိုးသားတွေနဲ့လည်း တွဲနိုင်တယ်ဆိုတာကို အမြဲသတိပေးနေဖို့ လိုအပ်နေပါလိမ့်မယ်။

ဒါပေမဲ့ သင်သာ အမျိုးသားတစ်ဦးတည်းနဲ့ပဲ ရပ်တန့်ပျော်ရွှင်နိုင်တဲ့ အမျိုးသမီးတစ်ဦးဆိုရင်တော့ Social Media ပေါ်မှာ ပုံတွေတင်တာမျိုးတွေ ရပ်သွားပါလိမ့်မယ်။ သင့်အမျိုးသမီးက ပုံတွေ ဆက်တင်နေတုန်းပဲဆိုရင် သူ့ရဲ့စိတ်ထဲမှာ သင်ပေးတဲ့အချစ်နဲ့ လုံးဝကျေနပ်မှု မရှိသေးတဲ့ အစိတ်အပိုင်းတစ်ခု ရှိနေလို့ပါပဲ။ ဒါက သင့်ကြောင့် မဟုတ်ပါဘူး။ ဆက်ဆံရေးထဲ မဝင်ခင်ကတည်းက သူ့ရဲ့ ကိုယ်ပိုင် မလုံခြုံစိတ် နဲ့ သက်ဆိုင်နေနိုင်ပါတယ်။

Post a Comment

Previous Post Next Post