no-style

ကိုယ့်အကြောင်းကိုသိခြင်း (Self Awareness) ကောင်းကျိုးများ


 

တစ်စုံတစ်ခုဟာ တခြားသူတွေအတွက် လွယ်ကူနေပေမဲ့ ကိုယ့်အတွက် ခက်ခဲနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ချင်းစာစိတ်ထားဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့သာ လွယ်ကူတယ်ဆိုရင် ကျွန်တော် တို့ အခုချိန်ထိ ဒါကို ပြောင်းလဲပြီးသား ဖြစ်နေမှာပါ။


နာကျင်မှုဖြစ်စေတဲ့ အရာတစ်ခုကို ကျွန်တော်တို့ ဆက်လုပ်နေမိတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့အတွက် ပြောင်းလဲဖို့ မလွယ်ကူတဲ့အရာ တစ်ခု ဖြစ်နေပါပြီ။ တကယ်တော့ ဒါဟာ အရမ်းကို ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စ ဘယ်လောက်ခက်ခဲနေလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ကိုယ်ချင်းစာပေးလိုက်ပါ။ "ဪ၊ ဒါက ခက်ခဲတာပဲ၊ ဒါက တကယ်ခက်တဲ့ ကိစ္စပဲ" လို့ ပြောလိုက်ပါ။


အဲဒီလို ကိုယ်ချင်းစာပေးပြီးမှပဲ "ဒီကဏ္ဍမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစပြီး ကူညီရမလဲ" ဆိုတာကို စတင်စဉ်းစားလို့ ရပါလိမ့်မယ်။

Previous Post Next Post

no-style

Popular ⦿ လူကြိုက်များ