သင့်ရဲ့ချစ်သူဟောင်းက သင့်ကို လွမ်းဆွတ်နေတယ်ဆိုတာ ပြသနေတဲ့ သိမ်မွေ့တဲ့ လက္ခဏာ (၆) ရပ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
၁။ သင့်ကို တွေ့ဖို့ တမင်ကြိုးစားခြင်း: သင့်ရဲ့ချစ်သူဟောင်းဟာ သင့်ကို တွေ့ဖို့အတွက် မတော်တဆ တွေ့ဆုံမှုတွေ ဖန်တီးတာ၊ ဒါမှမဟုတ် သင်ရှိနိုင်တဲ့နေရာတွေကို တမင်တကာ သွားလာတာမျိုးတွေ ပြုလုပ်တတ်ပါတယ်။
၂။ သင့်ရဲ့ DM (Direct Message) ထဲကို ခဏခဏ ဝင်လာခြင်း: သူက သင့်ရဲ့ social media (လူမှုကွန်ရက်) က DM ထဲကို အကြောင်းအမျိုးမျိုးပြပြီး မကြာခဏ စာပို့တတ်ပါတယ်။
၃။ သင့်ရဲ့ social media ပို့စ်တိုင်းကို မှတ်ချက်ပေးခြင်း: သူက သင့်ရဲ့ social media ပေါ်က ပို့စ်တိုင်းကို စိတ်ဝင်တစား လိုက်ပြီး comment (မှတ်ချက်) တွေ ပေးတတ်ပါတယ်။
၎။ သင့်သူငယ်ချင်းတွေကို သင့်အကြောင်း မေးမြန်းခြင်း: သူက သင့်ရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် သင့်နဲ့နီးစပ်တဲ့သူတွေကို သင့်ရဲ့အခြေအနေ၊ သင်ဘယ်လိုလဲဆိုတာတွေကို မေးမြန်းစုံစမ်းတတ်ပါတယ်။
၅။ သင့်မှာ ချစ်သူရှိမရှိ မေးမြန်းခြင်း: သူက သင့်မှာ တစ်စုံတစ်ဦးနဲ့ တွဲနေလား၊ ချစ်သူရှိလားဆိုတာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ မေးမြန်းတတ်ပါတယ်။
၆။ ရုတ်တရက် အတိတ်ကအကြောင်းအရာတွေကို ပြန်ပြောပြီး စာပို့ခြင်း: ဘာမဟုတ်တဲ့ အကြောင်းအရာ၊ ဒါမှမဟုတ် သင့်တို့နှစ်ဦးအတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေကို ရုတ်တရက် ပြန်ပြောပြီး စာပို့တတ်ပါတယ်။
0 Comments