Header Ads Widget

Responsive Advertisement

တကိုယ်ကောင်းဆန်သူ နှင့် ငွေရေးကြေးရေးပြသနာ


 

တစ်စုံတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာတွေကို ခုံမင်မှု၊ ရွှေတူးမှု စတာတွေရဲ့ အဓိက အချက်ကတော့ သူတို့ဟာ တခြားသူတွေရဲ့ ပိုက်ဆံကို ဘယ်လောက်အထိ သုံးရဲလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တခြားသူတွေရဲ့ ပိုက်ဆံကို ကိုယ်ကျိုးအတွက် သက်သောင့်သက်သာ သုံးစွဲတတ်သူတွေ ရှိပါတယ်။ "မင်း ငါ့ကျောင်းစရိတ်ပေးရမယ်၊ ငါ့မိဘတွေရဲ့ အိမ်လခပေးရမယ်၊ ငါ့ကို ကူညီရမယ်" လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ သူတို့ပြောတာက သင့်အတွက် ဘယ်လိုမှ အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။


သူတို့ရဲ့ လိုချင်တောင့်တမှုတွေဟာ သူတို့ တကယ်တတ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတတ်ပါတယ်။ တတ်နိုင်တာနဲ့ လိုချင်တာရဲ့ ကွာဟချက်ကို အမျိုးသားတစ်ဦး (သို့မဟုတ်) အမျိုးသမီးတစ်ဦးက ဖြည့်ဆည်းပေးရတာမျိုး ဖြစ်ပါတယ်။ ဥပမာ- နောက်ဆုံးပေါ် ဖိနပ်အသစ် လိုချင်ပေမဲ့ အလုပ်အကိုင်မရှိတဲ့ အမျိုးသားတွေ ရှိတယ်။ အဲဒီအခါ သူ့ချစ်သူက ပိုက်ဆံပေးရတာမျိုးပေါ့။ ဒါမှမဟုတ် ဘယ်တော့မှ မတတ်နိုင်တဲ့ အိတ်တစ်လုံးကို လိုချင်တဲ့ အမျိုးသမီးတွေလည်း ရှိနိုင်ပါတယ်။


ကိုယ့်မှာ ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထို ပစ္စည်းကို လိုချင်လာတဲ့အခါ အဲဒီပစ္စည်းတွေကို ရဖို့အတွက် တခြားသူတွေကို အသုံးချတတ်ကြပါတယ်။ ဒါပေမဲ့ သင်သာ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းခံရတယ်ဆိုရင် တခြားသူတွေမှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိနေပါစေ၊ သူတို့ရဲ့ပိုက်ဆံကို လိုတာထက် ပိုပြီး အလွန်အကျွံ သုံးစွဲရတာကို စိတ်မသက်မသာ ဖြစ်သင့်ပါတယ်။

Post a Comment

0 Comments