၁။ သူတို့ရဲ့အချိန်အများစုကို သင့်နဲ့ ကုန်ဆုံးခြင်း: သူတို့ဟာ သင့်နဲ့အတူ အချိန်ဖြုန်းဖို့ အမြဲတမ်း ကြိုးစားနေတတ်ပြီး၊ သူတို့ရဲ့အချိန်အများစုကို သင့်အတွက် ပေးအပ်တတ်ပါတယ်။
၂။ သင့်အကြောင်းကို ခဏခဏ ပြောဆိုနေကြောင်း သင်ကြားသိရခြင်း: သင့်အကြောင်းကို သူတို့ ပတ်ဝန်းကျင်ကလူတွေနဲ့ မကြာခဏ ပြောဆိုနေတာကို သင်ကြားသိရပါလိမ့်မယ်။
၃။ သင့်ကို စိတ်ကျေနပ်အောင် အကောင်းဆုံး ကြိုးစားခြင်း: သင့်ကို impress ဖြစ်အောင် (စိတ်ကျေနပ် နှစ်သက်အောင်) သူတို့တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားအားထုတ်တတ်ပါတယ်။
၎။ တခြားသူတွေအပေါ် စိတ်ဝင်စားမှု မပြသခြင်း: သင့်မှလွဲပြီး တခြားဘယ်သူ့အပေါ်မှ စိတ်ဝင်စားတဲ့ပုံစံမျိုး မပြသပါဘူး။
၅။ သင့်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြုမူခြင်း: သင့်ကို သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ပြုမူဆက်ဆံတတ်ပါတယ်။
၆။ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ နောက်ခံသမိုင်းကြောင်းတွေကို သင့်ကို ဖွင့်ဟပြောဆိုခြင်း: သူတို့ရဲ့ ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ခံသမိုင်းကြောင်းတွေကို သင့်ကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောပြတတ်ပါတယ်။
၇။ သင့်ကို ပျော်ရွှင်အောင် တတ်နိုင်သမျှ လုပ်ဆောင်ခြင်း: သင့်ကို ပျော်ရွှင်အောင်မြင်ဖို့အတွက် သူတို့တတ်နိုင်သမျှ ဘာမဆို လုပ်ဆောင်ပေးတတ်ပါတယ်။
၈။ သင့်အကြောင်း အသေးအမွှားလေးတွေအထိ သတိထားမိခြင်း: သင့်ရဲ့ အမူအရာ၊ အပြောအဆို၊ စိတ်နေစိတ်ထားစတဲ့ အသေးအမွှားလေးတွေအထိ သတိထားမိပြီး ဂရုပြုတတ်ပါတယ်။