အိမ်ထောင်ရေးက ရေရှည်တည်တံ့ဖို့ ခက်ခဲ red flags လက္ခဏာ ၈ ခု


 

သင့်ရဲ့အိမ်ထောင်ရေးက ရေရှည်တည်တံ့ဖို့ ခက်ခဲနေပြီဆိုတာကို ပြသနေတဲ့ အနီရောင်အချက်ပြမီး (Red Flags) ၈ ခုကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

၁။ သင့်ခံစားချက်တွေကို သင့်လက်တွဲဖော်က ဂရုမစိုက်ခြင်း: သင့်ရဲ့လက်တွဲဖော်က သင့်ခံစားချက်တွေ ဘယ်လိုပဲဖြစ်နေပါစေ၊ ဂရုတစိုက်မှု လုံးဝမပြတော့ဘူးဆိုရင် သတိထားသင့်ပါတယ်။

၂။ သင့်လက်တွဲဖော်က သင့်ကို မြူဆွယ်စကားပြောဖို့ ရပ်တန့်သွားခြင်း: အိမ်ထောင်ဦးမှာလို ချစ်စကားတွေ၊ မြူဆွယ်တဲ့ စကားလုံးတွေ မပြောတော့ဘဲ ရပ်တန့်သွားပြီဆိုရင် ဒါဟာ ပြဿနာတစ်ခုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၃။ သင့်လက်တွဲဖော်ကို အပြစ်တင်စရာတွေချည်း ပြောဆိုခြင်း: သင်ဟာ သင့်လက်တွဲဖော်ကို သင်မကျေနပ်တာတွေ၊ အပြစ်တင်ချင်တာတွေ အားလုံးကို ပုံအောချပြောဆိုတဲ့ ပုံးတစ်ပုံးလို သဘောထားနေပြီဆိုရင် ဒီအချက်က အိမ်ထောင်ရေးအတွက် မကောင်းတဲ့ လက္ခဏာပါ။

၎။ သင့်လက်တွဲဖော်က သင့်ကို နှိမ်ချခြင်း/အရှက်ခွဲခြင်း: သင့်ခံစားချက်ကို ထိခိုက်အောင် သင့်လက်တွဲဖော်က သင့်ကို တမင်တကာ နှိမ်ချပြောဆိုတာ၊ အရှက်ခွဲတာမျိုးတွေ လုပ်ဆောင်လာရင် သတိထားသင့်ပါတယ်။

၅။ တစ်ယောက်မပါဘဲ အပြင်ထွက်ရတာ ပိုနှစ်သက်ခြင်း: သင်တို့နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက်မပါဘဲ အပြင်ထွက်ရတာကို ပိုပြီး နှစ်သက်နေပြီဆိုရင် အိမ်ထောင်ရေး အက်ကြောင်းထနေပါပြီ။

၆။ ပဋိပက္ခတွေကို ဘယ်တော့မှ မဖြေရှင်းနိုင်ခြင်း: သင်တို့နှစ်ဦးကြား ပြဿနာတွေ၊ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတဲ့အခါ ဘယ်တော့မှ အဖြေရှာမရဘဲ ပိုပြီးကြီးထွားလာတတ်တာမျိုး ဖြစ်နေပါက အိမ်ထောင်ရေးခိုင်မာမှု မရှိနိုင်ပါဘူး။

၇။  သင့်လက်တွဲဖော်ရဲ့ ပန်းတိုင်နဲ့ အိပ်မက်တွေကို တားဆီးထားခြင်း: သင်က သင့်လက်တွဲဖော်ရဲ့ ပန်းတိုင်တွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အတားအဆီးဖြစ်နေတာမျိုး၊ ဒါမှမဟုတ် တားဆီးပိတ်ပင်ထားတာမျိုးတွေ ရှိနေရင် အိမ်ထောင်ရေးကံ မကောင်းနိုင်ပါဘူး။

၈။  အနာဂတ်ကို တွေးပြီး စိတ်လှုပ်ရှားမှု မရှိတော့ခြင်း: သင့်လက်တွဲဖော်နဲ့အတူ အနာဂတ်ကို တွေးလိုက်တဲ့အခါ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု လုံးဝမရှိတော့ဘူးဆိုရင် ဒါဟာ အိမ်ထောင်ရေးအတွက် အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ခုပါပဲ။

Previous Post Next Post