ကိုယ့်ရဲ့အချစ်ရေးက တကယ်ရောဟုတ်ရဲ့လား၊ ဒါမှမဟုတ် ဟန်ဆောင်မှုတစ်ခုပဲလားဆိုတာ သိနိုင်မယ့် လက္ခဏာ (၁၀) ရပ်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ တစ်ယောက်နဲ့တစ်ယောက် ဝေးနေချိန်မှာ အဆက်အသွယ်မလုပ်ကြဘူး
အတူမရှိတဲ့အခါ သင့်ဘက်က ဆက်သွယ်တာမျိုးမရှိသလို သူတို့ဘက်ကလည်း သင့်ကို လှမ်းပြီး ဂရုစိုက်တာ၊ အဆက်အသွယ်လုပ်တာမျိုး မရှိပါဘူး။
၂။ အချစ်ရေးမှာ ချစ်ခြင်းမေတ္တာ နည်းပါးတယ်
ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေ၊ နွေးထွေးတဲ့ ခံစားချက်ဖလှယ်မှုတွေ အချစ်ရေးမှာ နည်းပါးနေတတ်ပါတယ်။
၃။ ပြဿနာတွေ၊ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ကြိုးစားမှု နည်းတယ်
ပဋိပက္ခတွေ၊ ပြဿနာတွေ ဖြစ်လာတဲ့အခါ ဖြေရှင်းဖို့ အားထုတ်မှု၊ ပြေလည်အောင် ကြိုးစားမှုတွေ မရှိသလောက် နည်းပါးနေတတ်ပါတယ်။
၄။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဖို့ ပဏာမခြေလှမ်း မယူဘူး
ပြဿနာတစ်ခုခုဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရအောင်၊ အလယ်အလတ်လမ်းကို ရှာဖွေဖို့ သူတို့ဘက်က ဦးဆောင်မှု၊ ကြိုးစားမှုမျိုး မရှိပါဘူး။
၅။ သင့်ရဲ့အတွေးတွေ၊ ခံစားချက်တွေကို စိတ်မဝင်စားဘူး
သင်ဘာတွေတွေးနေလဲ၊ ဘာတွေခံစားနေရလဲဆိုတာကို သူတို့က လုံးဝစိတ်ဝင်စားမှုမပြပါဘူး။
၆။ အနာဂတ်အကြောင်း ဆွေးနွေးမှုတွေ မရှိဘူး။ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေး ဘယ်လိုဆက်သွားမလဲဆိုတဲ့ အနာဂတ်အကြောင်း ဆွေးနွေးပြောဆိုမှုတွေ လုံးဝမရှိပါဘူး။
၇။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်အတိုင်း လွတ်လွတ်လပ်လပ်နေလို့ မရဘူး
သူတို့နဲ့ရှိနေရင် သင်ဟာ ကိုယ့်ရဲ့စစ်မှန်တဲ့ ပင်ကိုယ်ပုံစံအတိုင်း ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် နေလို့မရဘဲ အမြဲလိုလို မလုံမလဲဖြစ်နေတတ်ပါတယ်။
၈။ ဆက်ဆံရေးအပေါ်မှာ စိတ်ဝင်စားမှုနည်းပြီး ခပ်လှမ်းလှမ်းနေတတ်တယ်
သူတို့ဟာ သင့်အပေါ် စိတ်ဝင်စားမှုနည်းသလို ဆက်ဆံရေးကနေ ခပ်လှမ်းလှမ်း ရှောင်ဖယ်နေတတ်ပါတယ်။
၉။ သင့်အပေါ် ပြောဆိုပြုမူပုံတွေ ရိုင်းပြတတ်တယ်
သင့်ကို ပြောဆိုတဲ့ စကားလုံးတွေ၊ ပြုမူတဲ့အမူအရာတွေမှာ နူးညံ့မှုမရှိဘဲ ရိုင်းပြတာမျိုးတွေ ရှိနေတတ်ပါတယ်။
၁၀။ သင့်ရဲ့ပင်ကိုယ်စိတ်က ထူးဆန်းနေတယ်လို့ ခံစားနေရတယ်
ဒီဆက်ဆံရေးတစ်ခုလုံးမှာ တစ်ခုခုမှားနေတယ်၊ တစ်ခုခု လွဲချော်နေတယ်လို့ သင့်ရဲ့စိတ်အလိုလို ခံစားနေရတတ်ပါတယ်။
0 Comments