အချို့ သော Culture တွေမှာ အမျိုးသမီးတွေဟာ ဘီကီနီပုံတွေကို လူမှုမီဒီယာမှာ မတင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ Culture က အမျိုးသားတွေက ဒီလိုအပြုအမူမျိုးကို အားပေးချီးမြှောက်မှု (reinforce) မလုပ်လို့ပါ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့နဲ့ ဝေးဝေးရှောင်တာမျိုးတောင် လုပ်ကောင်းလုပ်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီနေ့ခေတ် ကမ္ဘာကြီးမှာတော့ အမျိုးသားတွေက ဒီလိုအပြုအမူမျိုးတွေကို အားပေးနေကြတာ တွေ့ရပါတယ်။ OnlyFans လိုမျိုး မော်ဒယ်လ်တွေက ဖော်ချွတ်ပုံတွေ တင်လေ၊ Follower နဲ့ Like ပိုများလေ ဖြစ်နေပါတယ်။ ဒါကြောင့် ဘာဖြစ်လာသလဲဆိုတော့၊ အမျိုးသားတွေက မှားယွင်းတဲ့အပြုအမူတွေကို ဆုချီးမြှောက်ပြီး၊ မှန်ကန်တဲ့အပြုအမူတွေကို ပြစ်တင်နေခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အပြုအမူကို ပြောင်းလဲပစ်နေကြပါတယ်။
ဒီတော့ တကယ်တော့၊ ကိုယ့်ကိုယ်ကိုယ် သိမ်မွေ့စွာ ထိန်းသိမ်းပြီး စရိုက်ကောင်းအောင် ကြိုးစားနေတဲ့ အမျိုးသမီးတွေဟာ လူမှုမီဒီယာမှာ brand deal (ကြော်ငြာစာချုပ်) တွေ အများကြီး မရကြပါဘူး။ ချီးမြှောက်ဂုဏ်ပြုခံရတာမျိုး နည်းပါးပြီး၊ ပလက်ဖောင်းပေါ်မှာလည်း လူသိများထင်ရှားမှု နည်းပါတယ်။
ဆန့်ကျင်ဘက်အားဖြင့်၊ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ပြသပြီး "ရောင်းစားနေတဲ့" အမျိုးသမီးတွေကတော့ ဒီခေတ်ကြီးမှာ အကျိုးအမြတ်အများဆုံးနဲ့ ချီးမွမ်းခြင်း အများဆုံး ရရှိနေကြတာကို တွေ့မြင်နေရပါတယ်။