လိင်ကိစ္စအပေါ် သင့်ရဲ့ခံယူချက် (Relationship with sex) က ဘယ်လိုလဲဆိုတာဟာ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီအချက်ဟာ လူတစ်ယောက်ရဲ့ relationship ရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိလို့ပါ။
ကျွန်မ Client တွေနဲ့ လုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံအရ၊ အများစုက "ကျွန်တော့်မိန်းမက တစ်ပတ်ကို သုံးကြိမ် လိင်ဆက်ဆံခွင့်မပေးဘူးဆိုရင် သူ ဖောက်ပြန်နေတာပဲ" လို့ ပြောတတ်ကြပါတယ်။ ဒါမှမဟုတ် "ကျွန်တော့်ရဲ့ဆက်ဆံရေးမှာ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာမှာ သာလွန်တယ်လို့ ခံစားရတာက ကျွန်တော့်မိန်းမက လိင်ဆက်ဆံခွင့်ပေးတဲ့အခါမှပဲ" လို့ ပြောကြပါတယ်။ ဒါဟာ လိင်ကိစ္စအပေါ် ဆိုးရွားတဲ့ မှီခိုမှု တစ်ခုပါပဲ။
ဒီလိုမှီခိုနေတယ်ဆိုရင်၊ သင်ဟာ သင့်ရဲ့ ယုံကြည်မှု ဒါမှမဟုတ် ဆက်ဆံရေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာကို လိင်ကိစ္စပေါ်မှာ အခြေခံနေတာပါပဲ။ လိင်ဆက်ဆံခြင်းကနေ ဂရုစိုက်မှု (attention) ကို ရတယ်လို့ ခံစားရပြီး၊ သင့်ရဲ့အမျိုးသမီးက သင်လိုချင်တဲ့အခါ အဆက်မပြတ် လိင်ဆက်ဆံခွင့်ပေးမှ ဆက်ဆံရေးမှာ စိတ်ကျေနပ်မှုရတယ်လို့ ယူဆနေတာပါ။ ဒီလိုဖြစ်နေပြီဆိုရင်၊ သင်လိုချင်တာကို အမြဲတမ်း ရနေမှ သူက သင့်ကိုလိုချင်တယ်၊ အရာရာတိုင်း မှန်ကန်တယ်လို့ သင်ထင်နေပါလိမ့်မယ်။
ဒါကြောင့် အမျိုးသားရော၊ အမျိုးသမီးပါ လိင်ကိစ္စအပေါ်ထားရှိတဲ့ မှီခိုမှုကို (attachment) သေသေချာချာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့အများစုဟာ "တစ်စုံတစ်ယောက်က ငါလိုချင်တာကို မလုပ်ပေးဘူးဆိုရင်၊ ငါ့မှာ တစ်ခုခုမှားနေပြီ" လို့ တွေးတတ်တဲ့ အယူအဆနဲ့ လိင်ကိစ္စကို မှီခိုနေတတ်လို့ပါပဲ။
0 Comments