ချစ်ခြင်းမေတ္တာရေးရာနဲ့ ဆက်ဆံရေးမှာ အခက်အခဲအများဆုံး ကြုံတွေ့ရသူတွေကို ကျွန်တော်လေ့လာကြည့်တော့ တူညီတဲ့အချက်တစ်ခု တွေ့ရပါတယ်။ အဲဒါကတော့ သူတို့မှာ သူငယ်ချင်းအပေါင်းအသင်း မရှိခြင်း ပါပဲ။
သင့်မှာ သူငယ်ချင်းမရှိတဲ့အခါ သင့်ရဲ့ချစ်သူအပေါ်မှာ လိုအပ်တာထက်ပိုပြီး တွယ်တာ လာတတ်ပါတယ်။ တခြားသူနဲ့ ဆက်သွယ်စရာ မရှိတဲ့အတွက် လက်မခံနိုင်တဲ့ အပြုအမူတွေကိုတောင် လက်ခံ လာတတ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို ရင်ဖွင့်စရာ တစ်ယောက်မှမရှိတော့ပါဘူး။
ဒါကြောင့် သင်ဟာ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတယ် လို့ ခံစားရတယ်ဆိုရင် သင့်ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းကို ပြန်ကြည့်ပါ။ သူငယ်ချင်းအလုံအလောက်မရှိဘူးဆိုရင် ဒါကပဲ အကြောင်းရင်းဖြစ်နိုင်ပါတယ်။