အမျိုးသားတွေဟာ အမျိုးသမီးတွေမှာ အမျိုးသားသူငယ်ချင်း ဘာကြောင့်ရှိရတာလဲဆိုတာကို နားမလည်နိုင်ကြဘူး။ ဒါပေမဲ့ ကျွန်မတို့ အမျိုးသမီးတွေကတော့ အမျိုးသားသူငယ်ချင်းတွေ ရှိသင့်တယ်လို့ ယုံကြည်ကြပါတယ်။ လျှို့ဝှက် မုန်းတီးနေတဲ့ အမျိုးသမီးသူငယ်ချင်းတစ်ယောက်ထက် လျှို့ဝှက်ချစ်ခင်နေတဲ့ အမျိုးသားသူငယ်ချင်းတစ်ယောက်ကို ပိုပြီးလိုလားကြပါတယ်။
အမျိုးသားတွေကတော့ ဒီလိုအခြေအနေမျိုးကို တွေ့ကြုံရလေ့မရှိပါဘူး။ အမျိုးသားတွေက တစ်ယောက်နဲ့တစ်ယောက် မကြိုက်ဘူးဆိုရင် ခွဲခွာသွားတတ်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကျတော့ တစ်ယောက်ကိုတစ်ယောက် မကြိုက်ရင်တောင် အတူတူ ညစာစားဖို့ ချိန်းတာ၊ အတူတူ ခရီးထွက်တာမျိုးတွေ ရှိနေတတ်ပါတယ်။
ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသမီးတွေဟာ အမျိုးသားသူငယ်ချင်းတွေကို တောင့်တကြတာပါ။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့ အမျိုးသမီးသူငယ်ချင်းတစ်ယောက်ကို ရှာဖွေရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို အမျိုးသားတွေ နားမလည်ကြလို့ပါပဲ။ အဲ့ဒါကို နာကျင်မှုလို့ ပြောရင်တော့ အရမ်းကြီးတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့်၊ တကယ်တော့ ခက်ခဲတဲ့အရာတစ်ခုပါ။
အမျိုးသားတွေအတွက်ဆိုရင် အားကစားတစ်ခုခု အတူတူလုပ်တာနဲ့တင် သူငယ်ချင်းဖြစ်သွားနိုင်ပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေအတွက်ကျတော့ အမျိုးသမီးသူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ပြီး အရာရာကို မှန်မှန်ကန်ကန် လုပ်ခဲ့ရင်တောင်မှ မွေးနေ့ပွဲလေးတစ်ခု အဆင်မပြေတာ၊ ကိုယ့်ရည်းစားကို သူတို့ကမကြိုက်တာ ဒါမှမဟုတ် ရည်းစားတစ်ယောက်တည်းကို နှစ်ယောက်လုံးက သဘောကျမိတာမျိုးလောက်နဲ့တင် သူငယ်ချင်းဆက်ဆံရေးတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။
0 Comments