Header Ads Widget

Responsive Advertisement

မားမားဘွိုင်းတွေရဲ့ ဆိုးကျိုးနဲ့ပြသနာများ

 




ကျွန်မဖူးသမျှ "Nice Guy" (ဘယ်သူ့ကိုမဆို ကောင်းတဲ့သူ) တွေမှာ ကလေးဘဝဆိုင်ရာ စိုးရိမ်ပူပန်စရာတွေ မရှိတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးပါဘူး။ ကျွန်မကလေးဘဝဆိုင်ရာ ပြဿနာတွေဆိုတာကတော့ များသောအားဖြင့် အိမ်ထောင်ပြိုကွဲမှု ကနေ ကြီးပြင်းလာသူတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ပြိုကွဲမှု မဟုတ်ရင်တောင် သူတို့ဖခင်နဲ့ တစ်ခုခုတော့ အဆက်အစပ်ပြတ်တောက်မှု ရှိတတ်ပါတယ်။


အနည်းဆုံးတော့ သူတို့မှာ အလွန်အမင်း ရိုးသားပြီး စိတ်ရှည်တဲ့ဖခင် (passive father) တစ်ယောက် ရှိကောင်းရှိနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ လျစ်လျူရှုတတ်တဲ့၊ အကြမ်းဖက်တတ်တဲ့ ဒါမှမဟုတ် အရက်သမားဖခင် တစ်ယောက် ရှိခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့မိခင်နဲ့ ပိုပြီးတော့ ခွဲခြားလို့မရအောင် ပေါင်းစပ်သွားတာမျိုး (over-identify) ဖြစ်စေပါတယ်။


မိခင်နဲ့ ပိုပြီး ခွဲခြားလို့မရအောင် ပေါင်းစပ်သွားတယ်ဆိုတာဘာလဲ ဆိုတော့ သူတို့က မိခင်ပြောတဲ့စကားတိုင်း မှန်တယ်လို့ ယူဆလိုက်တာပါ။ အဲ့ဒီလိုဖြစ်တဲ့အခါ သူတို့ဟာ အမျိုးသမီးတွေအပေါ် ယေဘုယျအားဖြင့် လက်အောက်ခံ (submissive) ဖြစ်သွားတတ်ပါတယ်။ သူတို့က အမျိုးသမီးတွေ ပြောသမျှ၊ လုပ်သမျှကို အကုန်ယုံကြည်တတ်ပြီး အမျိုးသမီးတွေရဲ့ ခွင့်ပြုချက် (approval) ကို အမြဲလိုလို ရှာဖွေနေတတ်ပါတယ်။ သူတို့ဘဝထဲက အမျိုးသားတွေနဲ့၊ အထူးသဖြင့် သူတို့ဖခင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး အမျိုးသမီးတွေရဲ့ ခွင့်ပြုချက်ကသာ အရာအားလုံးထက် ပိုအရေးကြီးတယ်လို့ ထင်မြင်ယူဆလာတတ်ကြပါတယ်။

Post a Comment

0 Comments