Header Ads Widget

Responsive Advertisement

အမျိုးသားအများစုက အမျိုးသမီးတွေကို မချဉ်းကပ်ရဲတဲ့ အကြောင်းရင်းအမှန်များ

 



ကျွန်မ တပည့်တွေက တခြား မိန်းကလေး တစ်ယောက်ကို ချဉ်းကပ်ရမှာကို စိုးရိမ်စိတ် (approach anxiety) ရှိတယ်လို့ ပြောလာရင် (၉၉% လောက်က ဒီလိုပါပဲ) ကျွန်မ ပထမဆုံး လုပ်တာက သူတို့ကို ဒီလိုပြောပြပါတယ်။

"စိတ်ကူးကြည့်ရအောင်။ မင်းတို့ဆီမှာ အမှန်တရားကိုပဲ အမြဲပြောတဲ့ မှော်မှန်လုံးတစ်လုံးရှိတယ်ပေါ့ ဒီမှော်မှန်လုံးကို မင်းတို့ ယုံကြည်ရမယ်။ ဟိုအမျိုးသမီးကို မြင်လား။ မင်း သူ့ကို သွားစကားပြောတော့မယ်။ မှော်မှန်လုံးက ဘာပြောလဲ။ မင်းတို့ အံ့ဩစရာကောင်းတဲ့ ပြောဆိုဆက်ဆံမှုတစ်ခု ရလိမ့်မယ်တဲ့။ ဒါဆို မင်း သူ့ကို သွားပြောမှာလား"

သူတို့က "မှော်မှန်လုံးက မှန်ကန်တယ်ဆိုရင်၊ တကယ်လို့ အံ့ဩစရာကောင်းတဲ့ ပြောဆိုဆက်ဆံမှုတစ်ခု ရမယ်ဆိုရင်တော့ သွားပြောမှာပေါ့" လို့ ပြောကြတယ်။

အာ... ဒါပေမဲ့ မှော်မှန်လုံးက မင်းကို  ဖုန်းနံပါတ်ရမယ်လို့တော့ မပြောဘူးနော်။ မင်း အံ့ဩစရာကောင်းတဲ့ conversation တစ်ခုဖြစ် ရမယ်လို့ပဲ ပြောတာ။ ဒါက ဘာကို သက်သေပြလဲဆိုတော့ ပြောစရာစကား ကုန်သွားမှာကို ကြောက်တဲ့စိတ် ကသာ ချဉ်းကပ်ရမှာကို စိုးရိမ်စိတ်ကို ပိုဖြစ်စေတာပါ။ ဘာလို့လဲဆိုတော့ တကယ်လို့ ချဉ်းကပ်ရမှာကို စိုးရိမ်စိတ်သက်သက်ဆိုရင် သူတို့က "ဒီလို ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုပြီးရင် ဖုန်းနံပါတ်ရော ရမှာလား" လို့ မေးကြမှာ။ ဒါပေမဲ့ သူတို့ အဲဒီမေးခွန်းကို ဘယ်တော့မှ မမေးကြဘူး။ ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှုတစ်ခု ဖြစ်ရုံနဲ့တင် သူတို့ ကြောက်စရာ ဘာမှမရှိဘူးလို့ ခံစားရတယ်။

ဒါကြောင့် ချဉ်းကပ်ရမှာကို စိုးရိမ်စိတ်ကို ကျော်လွှားချင်တယ်ဆိုရင် စကားပြောဆိုမှုစွမ်းရည် (conversation skills) တွေကို တကယ်ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ လိုတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

Post a Comment

0 Comments