Header Ads Widget

Responsive Advertisement

Relationship ကိုပျက်စီးစေတဲ့ အဓိကချက်






 

အလွန်အမင်း အောင်မြင်တဲ့ အမျိုးသားတွေဟာ တစ်ခါတလေ အရမ်းကြိုးစားလွန်းတာကြောင့် Relationship ရေးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဥပမာလေးတွေနဲ့ ရှင်းပြပေးပါမယ်။


သင့်အမြင်မှာ အရမ်းလှပြီး အရည်အချင်းပြည့်ဝတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်ဆိုပါတော့။ ဒါပေမဲ့ သူမက စကားပြောဆိုဆက်ဆံရေး အားနည်းတယ်။ သင်လိုချင်သလောက် စတင်စကားပြောတာမျိုးလည်း မရှိဘူး။ သင်ကလည်း တွယ်ကပ်လွန်းသူ (needy) မဖြစ်ချင်လို့ ဒီအတိုင်းပဲ လိုက်လျောနေခဲ့တယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ ဖြစ်နေတာတွေကို မပြောဘဲ ဖုံးကွယ်ထားခဲ့တယ်။ ဒါပေမဲ့ ဒီအရာတွေက တခြားနည်းလမ်းတွေနဲ့ ပြန်ပေါ်လာတတ်ပါတယ်။


ဥပမာ- သင်တို့ ခရီးထွက်ကြတယ်။ သူမကလည်း "ခရီးသွားရတာ အရမ်းပျော်တယ်" လို့ ပြောတယ်။ ခရီးက ပြန်ရောက်ပြီး ၃ ရက်လောက်အထိ သူမက သင့်ကို ဆက်သွယ်တာမျိုး မရှိဘူး။ နောက်ဆုံးတော့ သင်က "မင်းကို ဒီလောက် ကုန်ကျခံပြီး ခရီးခေါ်သွားတာတောင် ၃ ရက်ရှိပြီ၊ ဖုန်းတစ်ကြိမ်တောင် မခေါ်ဘူး" လို့ ပြောလိုက်တယ်။ ဒီအခါမှာ သင် ဖုံးကွယ်ထားခဲ့တဲ့အရာတွေက ပေါ်လာပါပြီ။ ဘာလို့လဲဆိုတော့ ဒီအမျိုးသမီးနဲ့ ဘယ်လိုဆက်ဆံရေးမျိုးကို တည်ဆောက်ချင်လဲဆိုတဲ့ ရည်ရွယ်ချက်ကို သင်က အတိအကျ မထားခဲ့လို့ပါပဲ။ အဲဒီအစား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပုံစံနဲ့ ထွက်ပေါ်လာတော့တာပေါ့။


Post a Comment

0 Comments