လူတချို့က ဆဲဆိုတာကို မကောင်းတဲ့အလေ့အကျင့်လို့ မြင်ကြပေမယ့် စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအသစ်တွေကတော့ ဆဲဆိုတတ်သူတွေဟာ တကယ်တမ်းမှာ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုလူတွေဟာ ရိုးသားမှု၊ စိတ်ခံစားမှုကို ဖုံးကွယ်မထားဘဲ ဖော်ပြတတ်မှုနဲ့ စကားလုံးတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှုတို့ကြောင့် သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်တယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဒီဆောင်းပါးမှာ ဆဲဆိုတတ်သူတွေရဲ့ အရည်အချင်းတွေကို ဘယ်လိုအကြောင်းတွေကြောင့် သူငယ်ချင်းကောင်းတွေအဖြစ် သတ်မှတ်ရသလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။
(1) ရိုးသားမှုကို ပြသတယ် (They Are More Honest)
ဆဲဆိုတတ်သူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ကြပါတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုမှာ ဆဲဆိုတတ်သူတွေဟာ လိမ်ညာမှု နည်းပါးပြီး သူတို့ရဲ့ အမှန်တရားကို ပိုပြသတတ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီလိုရိုးသားမှုက သူငယ်ချင်းဆက်ဆံရေးမှာ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပြီး မင်းကို ဘယ်တော့မှ လှည့်စားမှာ မဟုတ်တဲ့ သူငယ်ချင်းမျိုး ဖြစ်လာစေပါတယ်။
(2) စကားလုံးတွေကို ကျွမ်းကျင်စွာ သုံးတတ်တယ် (They Have a Better Vocabulary)
ဆဲဆိုတာက စကားလုံးနည်းနည်းနဲ့ ပြီးသွားတယ်လို့ ထင်ရပေမယ့် စိတ်ပညာရှင် Timothy Jay နဲ့ Kristin Janschewitz တို့ရဲ့ လေ့လာမှုအရ ဆဲဆိုတတ်သူတွေဟာ ဘာသာစကားကို ပိုနားလည်ပြီး စကားလုံးတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဆဲဆိုတဲ့အခါမှာတောင် အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် သုံးတတ်တာကြောင့် စကားပြောဆိုရာမှာ ပိုထိရောက်မှု ရှိပါတယ်။ ဒီလိုလူမျိုးက မင်းနဲ့ စကားပြောတဲ့အခါ ပျင်းစရာဘယ်တော့မှ မကောင်းဘူးဆိုတာ သေချာပါတယ်။
(3) စိတ်ဖိစီးမှုကို ပိုကောင်းအောင် ထိန်းချုပ်နိုင်တယ် (They Handle Stress Better)
ဆဲဆိုတာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းတစ်ခုပါ လေ့လာမှုတွေအရ ဆဲဆိုတတ်သူတွေဟာ ဒေါသကို အကြမ်းဖက်မှုနဲ့ မထုတ်ပြဘဲ စကားလုံးတွေနဲ့ ဖော်ပြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ ပိုအေးဆေးတည်ငြိမ်ပြီး မင်းကို စိတ်ဓာတ်တက်ကြွအောင် အားပေးနိုင်တဲ့ သူငယ်ချင်းမျိုး ဖြစ်နိုင်ပါတယ်။
(4) အရာတွေကို ရှင်းရှင်းလင်းလင်း ပြောတတ်တယ် (They Are Straightforward)
ဆဲဆိုတတ်သူတွေဟာ သူတို့ရဲ့ အတွေးအမြင်တွေကို ပတ်ဝိုင်းမသွားဘဲ တိုက်ရိုက်ပြောတတ်ကြပါတယ်။ ဒီလိုလူမျိုးက မင်းကို ဘာမှမထိခိုက်စေချင်လို့ လိမ်ညာပြီး ချော့ပြောမှာ မဟုတ်ဘူး။ မင်းရဲ့ အမှားတစ်ခုကို သူတို့မြင်တဲ့အခါ ရိုးရိုးသားသား ထောက်ပြပေးမှာပါ။ ဒါက သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အရေးကြီးတဲ့ အရည်အချင်းတစ်ခုပါပဲ။
(5) သူတို့ကိုယ်သူတို့ ဖြစ်တတ်တယ် (They Are Genuine)
ဆဲဆိုတတ်သူတွေဟာ လူတွေရှေ့မှာ ဟန်ဆောင်မနေတတ်ပါဘူး။ သူတို့ဟာ သူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်း နေတတ်ကြပြီး မင်းကိုလည်း မင်းကိုယ်မင်း ဖြစ်ဖို့ အားပေးတတ်ကြပါတယ်။ ဒီလိုစစ်မှန်တဲ့ သဘောဟာ သူငယ်ချင်းဆက်ဆံရေးမှာ ပိုနက်ရှိုင်းတဲ့ ချိတ်ဆက်မှုကို ဖန်တီးပေးနိုင်ပါတယ်။
(6) နာကျင်မှုကို ပိုခံနိုင်တယ် (They Can Handle Pain Better)
စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုမှာ ဆဲဆိုတတ်သူတွေဟာ နာကျင်မှုကို ပိုခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ ဥပမာ၊ လက်ကို ရေခဲထဲထည့်ထားရတဲ့ စမ်းသပ်မှုမှာ ဆဲဆိုတဲ့သူတွေက ဆဲမဆိုတဲ့သူတွေထက် ပိုကြာကြာ ခံနိုင်ခဲ့ပါတယ်။ ဒါက သူတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသတာဖြစ်ပြီး မင်းဘဝမှာ ခက်ခဲတဲ့အချိန်တွေ ကြုံလာရင် သူတို့က အားကိုးအားထားရတဲ့ သူငယ်ချင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဆဲဆိုတတ်သူတွေကို လူတချို့က မရိုမသေ၊ ပညာမတတ်သူတွေလို့ ထင်မြင်ကြပေမယ့် သုတေသနတွေကတော့ သူတို့မှာ ရိုးသားမှု၊ စကားပြောကျွမ်းကျင်မှု၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မှုနဲ့ စစ်မှန်တဲ့သဘောတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မင်းဘဝမှာ ဆဲဆိုတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိရင် သူ့ကို တန်ဖိုးထားပြီး ဆက်လက်ချစ်ခင်ထားပါ။ သူတို့ဟာ မင်းဘဝကို ပိုပျော်စရာကောင်းပြီး ပိုစစ်မှန်တဲ့ အတွေ့အကြုံတွေ ယူဆောင်လာပေးနိုင်သူတွေ ဖြစ်နိုင်ပါတယ်။
0 Comments